Home
နိုင်ငံတကာ
မလေးရှားဘုရင် နန်းတက်ပွဲကျင်းပ
DVB
·
July 22, 2024
Photo - MOHD RASFAN/Pool via REUTERS

မလေးရှားနိုင်ငံရဲ့ အလှည့်ကျ ဘုရင်စနစ်အရ ၅ နှစ်သက်တမ်းဘုရင့်တာဝန်ကို ထမ်းဆောင်နေတာ ၆ လရှိပြီဖြစ်တဲ့ ဆူလ်တန်အီဘရာဟင်မ်အစ္စကန်ဒါဟာ ဇူလိုင် ၂၀ ရက်က နန်းတက်ပွဲအခမ်းအနား ကျင်းပခဲ့ပါတယ်။

မလေးယဉ်ကျေးမှုနဲ့ ခမ်းနားကြီးကျယ်မှုတို့ကို ဖော်ကျူးထားတဲ့ ဒီအခမ်းအနားမှာ ဆူလ်တန်ကို ၁၇ ဆက်မြောက် မလေးဘုရင်အဖြစ် တရားဝင် ဘိသိက်မြှောက်ခဲ့ကြတာ ဖြစ်ပါတယ်။  

ကမ္ဘာမှာ တခုတည်းသာရှိတဲ့ အလှည့်ကျဘုရင်စနစ်ကို ၁၉၅၇ တုန်းက ဗြိတိန်လက်အောက်ကနေ လွတ်လပ်ရေးရပြီးနောက်ပိုင်း စတင်ကျင့်သုံးခဲ့တာ ဖြစ်ပါတယ်။ 

မလေးမှာ ပြည်နယ် ၁၃ ခုရှိပေမဲ့ စော်ဘွားအိမ်တော် ၉ ခုပဲရှိပြီး ဒီအိမ်တော်တွေဟာ ရာစုနှစ်ပေါင်းများစွာ ကြာပြီဖြစ်တဲ့  သီးခြားလွတ်လပ်တဲ့ မလေးကျွန်းနိုင်ငံငယ်လေးတွေကနေ ဆင်းသက်လာတာ ဖြစ်ပါတယ်။

ဆူလ်တန်အီဘရာဟင်မ်ဟာ မလေးမှာ အချမ်းသာဆုံး ပုဂ္ဂိုလ်တွေထဲက တဦးဖြစ်ပြီး အိမ်ခြံမြေနဲ့ ဆက်သွယ်ရေးလုပ်ငန်းတွေ ပါဝင်တဲ့ ဧရာမ လုပ်ငန်းအင်ပါယာကြီးပါ ပိုင်ဆိုင်သူ ဖြစ်ပါတယ်။

တောင်ပိုင်းဂျိုဟောပြည်နယ် စော်ဘွားဖြစ်တဲ့ မလေးဘုရင်သစ်ဟာ ဝန်ကြီးချုပ် အန်ဝါအီဘရာဟင်မ်နဲ့ပါ ဆက်ဆံရေးကောင်းသူလို့ထင်ရှာပါးတယ်။

မလေးနိုင်ငံရေးမှာ ဝင်ရောက်ပြောဆိုတတ်သူဖြစ်ပြီး အဂတိလိုက်စားမှုနဲ့ လူမျိုးရေးခွဲခြားမှု ဆန့်ကျင်ရေးအမြင်ရှိသူလို့ ထင်ရှားပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013