မလေးရှားနိုင်ငံတောင်ပိုင်း ဂျိုဟိုးပြည်နယ်က စူလတန်အီဘရာဟင် စူလတန်အစ္စကန်ဒါကို မနှစ်က အောက်တိုဘာလမှာ သက်ဦးဆံပိုင်ဘုရင်စနစ်ကနေ ဘုရင်အဖြစ် ရွေးကောက်တင်မြှောက်ပြီးနောက် ဇန်နဝါရီ ၃၁ ရက်မှာ နန်းတက်ပွဲ ကျင်းပတော့မှာပါ။
တခြား မလေးရှားရိုးရာအုပ်စိုးသူတွေနဲ့ မတူဘဲ စူလတန် အီဘရာဟင်ဟာ နိုင်ငံရေးနဲ့ ပတ်သက်ပြီး ထုတ်ပြောတတ်သူပါ။
သူ့မှာ ဇိမ်ခံကားတွေနဲ့ မော်တော်ဆိုင်ကယ်တွေ အများအပြား စုဆောင်းထားပြီး အိမ်ခြံမြေလုပ်ငန်းကနေ သတ္တုတူးဖော်ရေးအထိ စီးပွားရေးကို ကျယ်ကျယ်ပြန့်ပြန့် စိတ်ဝင်စား လုပ်ဆောင်နေပါတယ်။
ဘုရင်ဟာ မွတ်စလင်အများစုရှိရာ မလေးရှားနိုင်ငံမှာ အစ္စလာမ်ဘာသာကို စောင့်ကြပ်သူအဖြစ် ဆောင်ရွက်တာ အပါအဝင် အဆောင်အယောင် အခန်းကဏ္ဍကနေ ပါဝင်ဆောင်ရွက်လေ့ ရှိတာပါ။
ဒါပေမဲ့ မကြာခင်နှစ်တွေအတွင်း ဘုရင်စနစ်ဟာ ကာလကြာရှည် နိုင်ငံရေး မတည်ငြိမ်မှုတွေကြောင့် လက်ရှိမှာ ဘုရင်ဟာ ရှားရှားပါးပါး အခွင့်အရေးအနေနဲ့ လိုရင်လိုသလို အာဏာကို ကိုင်စွဲ အသုံးချခွင့် ရထားပါတယ်။
မလေးရှားနိုင်ငံရဲ့ တော်ဝင်အိမ်ထောင်စုကိုးစုဟာ ငါးနှစ်တာ ဘုရင်တာဝန်ကို ထမ်းဆောင်ဖို့ သူတို့ထဲက ဘုရင်တပါးကို ရွေးချယ်တင်မြှောက်ဖို့ မဲခွဲဆုံးဖြတ်ရေးအတွက် အုပ်ချုပ်သူများကောင်စီကို ဖွဲ့စည်းထားပါတယ်။
စူလတန် အီဘရာဟင်ဟာ လက်ရှိဘုရင် အယ်လ်စူလ်တန် အဗ်ဒူလာဆီကနေ ထီးနန်းကို လွှဲပြောင်းရယူမှာ ဖြစ်ပါတယ်။
Source/Photo-Reuters