ပြင်းထန်တဲ့ ကပ်ရောဂါကို တုံ့ပြန်တဲ့အနေနဲ့ ဂွါတီမာလာအစိုးရက နိုင်ငံလုံးဆိုင်ရာ အရေးပေါ် အခြေအနေအဖြစ် မေလမှာ ကြေညာခဲ့ပြီး သွေးလွန်တုပ်ကွေး ကူးစက်မှုများလာတာကို တုံ့ပြန်ဖို့ အာဏာပိုင်တွေက ခြင်နှိမ်နင်းရေး မီးခိုးမှုတ်တဲ့ လှုပ်ရှားမှုကို စတင်ခဲ့ပါတယ်။
၂၀၂၄ ခုနှစ်အတွင်း သွေးလွန်တုပ်ကွေး ဖြစ်ပွားမှု ညွှန်းကိန်းက ၅.၇ ဖြစ်နေလို့ ၂၀၂၀ နောက်ပိုင်း အမြင့်ဆုံးဖြစ်တယ်လို့ ဂွါတီမာလာ ကျန်းမာရေးဝန်ကြီးဌာန၊ ကူးစက်ရောဂါနဲ့ အန္တရာယ်စီမံခန့်ခွဲမှု ဒါရိုက်တာ ဆရာဝန် အဒ်ဂါ စန်တို့စ်က ပြောပါတယ်။
“လက်တင် အမေရိကလူမျိုးတွေဟာ သွေးလွန်တုပ်ကွေးရောဂါကို ခုခံကာကွယ်နိုင်စွမ်း မရှိဘူး။ ဒီမျိုးကွဲက အမေရိကတိုက်ကနေ ရောက်လာတာ” လို့လည်း စန်တို့စ်က ပြောပါတယ်။
ဇန်နဝါရီလကနေ ဇူလိုင်လ တတိယပတ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ ၄၈,၀၀၀ ကျော်ကို တရားဝင် စာရင်းသွင်းခဲ့ပါတယ်။
Source-Reuters