ဘော်လ်ကန်ဒေသ၊ ဥရောပအလယ်ပိုင်းနဲ့ တောင်ပိုင်းဒေသ အများစုဟာ ဇူလိုင် ၁၇ ရက်မှာ တာရှည်အပူလှိုင်းဒဏ်ကို ဆက်လက်ခံစားနေကြရပြီး အပူချိန် အမြင့်ဆုံးစံချိန်ကို ချိုးဖျက်ခဲ့ပါတယ်။
ဆားဘီးယားမြောက်ပိုင်း ဗိုအိဂိုဒိနာပြည်နယ် မေလန်စီရွာက ရူဆန်ဒါ ဆားအိုင်ကတော့ လုံးလုံး ခန်းခြောက်သွားတာပါ။
ဘယ်လောက်တောင် နွေးနေလဲဆိုတာ ကြောက်စရာပဲလို့ ဒေသခံ ဒါကို မားဂဒ်က ပြောပါတယ်။
အခုသီတင်းပတ်အတွင်း ဘော်လကန်ဒေသတဝန်း အပူချိန်တွေ အရှိန်ပြင်းလာခဲ့ပြီး ဒေသတွင်း နိုင်ငံအများစုမှာ အပူချိန် ၃၉ ဒီဂရီစင်တီဂရိတ်ဝန်းကျင် ရှိခဲ့ပါတယ်။
ဇူလိုင် ၁၆ ရက်က ဆားဘီးယားနိုင်ငံ မြို့တော် ဘယ်လ်ဂရိတ်မှာ အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ် ရှိပြီး ဇူလိုင်လတွေထဲမှာ အပူဆုံးအဖြစ် မှတ်တမ်းတင်ခဲ့ပါတယ်။
ဘယ်လ်ဂရိတ်မြို့အခြေစိုက် မိုးလေဝသပညာရှင် ဒေါက်တာ ဗလာဒီမာ ဂျုဂျီဗစ်က ရာသီဥတု ပြောင်းလဲမှုကြောင့် မဟုတ်ရင် ဒီလို အပူလှိုင်းတွေ ရှိတော့မှာ မဟုတ်ဘူးလို့ ပြောပါတယ်။
ခရိုအေးရှားနိုင်ငံက အဒ်ရီယာတစ်ခ် ပင်လယ်ရဲ့အပူချိန်က ကမ်းရိုးတန်း အပန်းဖြေစခန်း အတော်များများမှာ စံချိန်တင် အပူချိန်မြင့်တဲ့ ၂၉ ဒသမ ၅ ဒီဂရီစင်တီဂရိတ်ထိ ရောက်ခဲ့ပါတယ်။
မြောက်မက်ဆီဒိုးနီးယားနဲ့ အယ်လ်ဘေးနီးယား နှစ်နိုင်ငံစလုံးက သူတို့နိုင်ငံတွေမှာ တောမီး လောင်ကျွမ်းမှုကို တိုက်ဖျက်ဖို့ မီးသတ်သမားတွေ၊ လေယာဉ်ပျံတွေနဲ့ ရဟတ်ယာဉ်တွေကို ခုသီတင်းပတ်အတွင်း ဖြန့်ကျက် တပ်ချထားခဲ့ပါတယ်။
Source-Reuters