ဂျာမနီလက်ရွေးစင်နည်းပြဟောင်း ဂျိုအာချင်လိုဟာ လစ်လပ်နေတဲ့ အင်္ဂလန်နည်းပြရာထူးကို စိတ်ဝင်စားနေတယ်လို့သိရပါတယ်။
အင်္ဂလန်အသင်းဟာပြီးခဲ့တဲ့ရက်ပိုင်းကပဲ နည်းပြဆောက်ဂိတ် ရဲ့ နုတ်ထွက်မူကို လက်ခံခဲ့ပြီး နည်းပြသစ်တစ်ဦးအစားထိုးဖို့ ဆွေးနွေးမူတွေလုပ်ဆောင်နေတာပါ။ တိုက်စစ်မှူးဟောင်း ဝိန်းရွန်းနီအပါအဝင် အင်္ဂလိပ်လူမျိုးနည်းပြတွေကို ခန့်အပ်ဖို့ သတင်းထွက် နေပေမဲ့ ဂျာမနီနည်းပြဟောင်းဂျိုအာချင်လိုးနဲ့လဲ သတင်းထွက်ပေါ်လာခဲ့တာပါ။ အသက်၆၄နှစ်ရှိ နည်းပြဟာ ဂျာမနီအသင်းကို ၂၀၁၄ ခုနှစ်ကမ္ဘာ့ဖလားချန်ပီယံဖြစ်အောင်စွမ်းဆောင်နိုင်ခဲ့သူပါ။ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ဟာ လတ်တလောမှာတော့ ယူ၂၁ နည်းပြ လီးကာစလေကို ယာယီ နည်းပြအဖြစ် တာဝန်ပေးထားမယ်လို့သိရပါတယ်။ ဂျိုအာချင်လိုးဟာ ဂျာမနီကို ၂၀၀၆ခုနှစ်ကနေ ၂၀၂၁ခုနှစ်အထိ ၁၅နှစ်ကြာတာ ဝန်ယူခဲ့သူဖြစ်ပြီးတခြားကလပ်တွေကိုလဲတာဝန်ယူခဲ့ဖူးပါတယ်။