Home
အနုပညာ
အဆိုတော် စိုင်းဆိုင်မောဝ်၏ ဈာပန ဇူလိုင် ၁၉ ရက် ကျင်းပမည်
DVB
·
July 18, 2024
Photo Crd- The Sai

ကွယ်လွန်သွားခဲ့တဲ့ ရှမ်းတိုင်းရင်းသားအဆိုတော် စိုင်းဆိုင်မောဝ် ရဲ့ ကြွင်းကျန်ရစ်သောရုပ်ကလာပ်ကို မူလက ဇူလိုင် ၂၀ ရက်မှာ သင်္ဂြိုဟ်ဖို့ စီစဉ်ထားပေမဲ့  အဲဒီနေ့ဟာ  ဗုဒ္ဓဘာသာဝင်တို့ရဲ့ အခါကြီးရက်ကြီး (ဓမ္မစကြာ) နေ့ ကျရောက်တာကြောင့်  ဇူလိုင် ၁၉ ရက်ကို ရွှေ့ပြောင်းလိုက်ကြောင်း မိသားစုနဲ့ နီးစပ်သူတဦးက ပြောပါတယ်။ 

ဇူလိုင် ၁၉ ရက် မွန်းလွဲ ၃ နာရီအချိန် ရေဝေးသုသာန်မှာ သင်္ဂြိုဟ်မှာဖြစ်ပြီး နေအိမ်က ကားတွေ နေ့လယ် ၁ နာရီ မိနစ် ၃၀ မှာထွက်ခွာမှာဖြစ်ကြောင်း၊ နေအိမ်မှ လိုက်ပါပို့ဆောင် လိုသူတွေအနေနဲ့  YBS ၇၄၊ ၁၄၃ ကားတွေစီးပြီး သံဒင်းမောင်းမှတ်တိုင်မှာဆင်းဖို့ ဖိတ်စာမှာ ဖော်ပြပါတယ်။ 

ဇူလိုင် ၂၃ ရက် မနက်မှာတော့ ရွှေပြည်သာမြို့နယ် ၂၀ ရပ်ကွက် (သံဒင်း) မကွေးပတ်လမ်း၊ အမှတ် ၄၂၆ နေအိမ်မှာ ရက်လည်ဆွမ်းသွပ်တရားတော်နာမယ်လို့ ဆိုပါတယ်။ 

ရှမ်းသီချင်း၊ မြန်မာသီချင်းတွေနဲ့ လူသိများကျော်ကြားတဲ့  ရှမ်းတိုင်းရင်းသား ဝါရင့်အဆိုတော် စိုင်းဆိုင်မောဝ် အသက် ၇၇ နှစ်ဟာ ဇူလိုင် ၁၇ ရက်  ည ၇ နာရီ ၁၅ မိနစ်က ရန်ကုန်၊ အင်းစိန်မြို့နယ်ရှိ   ‘ ကောင်း’ဆေးရုံကြီးမှာ ကွယ်လွန်သွားတာဖြစ်ပါတယ်။

တေးသံရှင် စိုင်းဆိုင်မောဝ်ရဲ့ ကျန်ရစ်တဲ့ ရုပ်ကလာပ်ကို အင်းစိန်မြို့နယ်၊ ကောင်းအထူးကုဆေးရုံကြီးကနေ  ရေဝေးသုသာန်ကို  နာရေးကူညီမှုအသင်း(ရန်ကုန်)က နာယက ဒေါ်သန်းမြင့်အောင်ဦးဆောင်ပြီး အသင်းသား/သူတွေက  ဝိုင်းဝန်း ကူညီပို့ဆောင်ပေးခဲ့ တယ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013