ဖိလစ်ပိုင် မြို့တော် မနီလာတောင်ဘက်က ကမ္ဘာလှည့်ခရီးသွားတွေ လည်ပတ်လေ့ရှိတဲ့ နေရာမှာရှိတဲ့ ဟိုတယ်တခုမှာ သြစတြေးလျစုံတွဲနဲ့ သူတို့ရဲ့ ဖိလစ်ပိုင်ဆွေမျိုးတွေ သတ်ဖြတ်ခံရမှုအတွက် သံသယရှိသူ တဦးဟာ သူ့ ဆန္ဒအလျောက် အဖမ်းခံခဲ့တယ်လို့ ဖိလစ်ပိုင်ရဲတပ်ဖွဲ့က ဇူလိုင် ၁၇ ရက်မှာ ပြောပါတယ်။
သေဆုံးသူ ၃ ဦးဟာ မနီလာမြို့တောင်ဘက် မိုင် ၄၀ အကွာမှာ မီးတောင်ရှုခင်းတွေကြောင့် လူသိများတဲ့ ကာဗိုက်ပြည်နယ် တာဂေတေမြို့က The Lake ဟိုတယ်မှာ တည်းခိုနေခဲ့တာပါ။
အသက် ၃၃ နှစ်အရွယ် သံသယရှိသူ အမျိုးသားဟာ အဲဒီဟိုတယ်က ဝန်ထမ်းဟောင်းဖြစ်ပြီး ဇူလိုင် ၁၆ ရက်မှာ မြို့တော်ဝန်ဆီမှာ လက်နက်ချခဲ့တယ်လို့ တဂေးတေမြို့မရဲစခန်းက သတင်း ထုတ်ပြန်ခဲ့ပါတယ်။
ကွယ်လွန်သူတွေဟာ အသက် ၅၇ နှစ်အရွယ် ဒေးဗစ်ဖစ်ခ်၊ အသက် ၅၅ နှစ်အရွယ် ဖိလစ်ပိုင်နွယ်ဖွား သြစတြေးလျနိုင်ငံသား ဇနီးလူစီတာ ကော်တက်ဇ်နဲ့ အသက် ၃၀ အရွယ် သူ့ဆွေမျိုး မာရီဂျိမ်းကောတက်ဇ်တို့ ဖြစ်ပါတယ်။
မှောက်လျက် လဲကျနေတဲ့ သူတို့အလောင်းတွေကို ခြေတွေလက်တွေမှာ ကြိုးတုပ်ထားပြီး မျက်နှာတွေကို တိပ်တွေနဲ့ ထုပ်ပိုး ဖုံးအုပ်ထားတာကို အရင်အပတ်က တွေ့ခဲ့တာလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
သံသယရှိသူဟာ ရေကူးကန်ဝန်ထမ်း တဦးဖြစ်ပြီး မတ်လတုန်းက အခန်းတခန်းမှာ သူခိုး ခိုးခံရတာကို စီမံခန့်ခွဲရေးမှူးက သိပြီးတဲ့နောက် အလုပ်ထုတ်ခံခဲ့ရတဲ့သူဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
ဒေသတွင်း လူသတ်မှု အပါအဝင် ကြမ်းတမ်းတဲ့ ရာဇ၀တ်မှုတွေ ဖြစ်တာရှားပါးပြီး တရားခံကို ရာဇ၀တ်မှုနဲ့ တိုင်ကြားဖို့ စီစဉ်နေတယ်လို့ ရဲတပ်ဖွဲ့နဲ့ မြို့တော်ဝန်တို့က ပြောပါတယ်။
Source-Reuters