ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ အထက်တန်းကျောင်းတကျောင်းမှာ ကျောင်းသား ၁၄ ဦးဟာ သွားရေစာအဖြစ် အစပ်ကြော်အချောင်းတွေကို စားသုံးပြီးနောက် ဇူလိုင် ၁၆ ရက်မှာ ဆေးရုံတင်ထားရကြောင်း ဂျပန်ပြည်တွင်းမီဒီယာတွေမှာ ဖော်ပြပါတယ်။
ကျောင်းသားလေးတယောက်က သူ့အစ်ကိုဖြစ်သူ ဝယ်ယူခဲ့တဲ့ အဲဒီအစပ်ချောင်းကို ကျောင်းကိုယူလာပြီးနောက်မှာ ကျောင်းသား အယောက် ၃၀ တို့က စားခဲ့ကြတာပါ။
သရေစာ စားပြီးနောက်မှာ သူတို့ရဲ့ပါးစပ်နဲ့ဗိုက်တွေ နာကျင်ခံစားခဲ့ရတယ်လို့ ဆေးရုံကို အမြန်ပို့ဆောင်ခဲ့ရတဲ့ ကျောင်းသားတွေက ပြောပြပါတယ်။
ဒါပေမဲ့ သူတို့ဟာ သတိရှိနေကြပြီး အသေးစား အပေါ့စား ရောဂါလက္ခဏာတွေအတွက် ကုသခံခဲ့ရပါတယ်။
သွားရေစာထုတ်လုပ်သူ အီဆိုယာမာ ကော့ပ်လုပ်ငန်းက အွန်လိုင်းကြေညာချက်တခု ထုတ်ပြန်ကာ တောင်းပန်ခဲ့ပြီး ကျောင်းသားတွေကို အမြန်ပြန်သက်သာလာစေဖို့ ဆုတောင်းပေးခဲ့ပါတယ်။
R18 ကာရီချစ်ပ်စ်လို့ ခေါ်တဲ့ သွားရေစာဟာ အသက် ၁၈ နှစ်အောက် ငယ်ရွယ်သူတွေနဲ့ သွေးတိုးရောဂါရှိသူ၊ အစာအိမ်အားနည်းသူတွေကို မစားသုံးကြဖို့ သတိပေးချက် ပါရှိပါတယ်။
ဝမ်းပျက်ဝမ်းလျှောဖြစ်စေနိုင်တာကြောင့် ဒီသွားရေစာကို တယောက်တည်း အကုန်စားမပစ်ဖို့လည်း စားသုံးသူတွေကို နောက်ထပ် အကြံပြုထားပါတယ်။
Source-Reuters