အင်ဒို-ပစိဖိတ်ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးက အရေးကြီးပြီး လက်ရှိအနေအထားကို အကြပ်ကိုင်ဖို့ တဖက်သတ် ကြိုးပမ်းချက်တွေကို ဂျပန်နိုင်ငံက ဆန့်ကျင်တယ်လို့ ဂျပန် နိုင်ငံခြားရေးဝန်ကြီး ယိုကို ကာမိကာဝါက ဇူလိုင် ၈ ရက်မှာ ပြောပါတယ်။
ဖိလစ်ပိုင်မြို့တော်မနီလာမှာ ဂျပန်နဲ့ ဖိလစ်ပိုင် ၂ နိုင်ငံက နိုင်ငံခြားရေး ၀န်ကြီးတွေနဲ့ ကာကွယ်ရေးဝန်ကြီးတွေကြား အစည်းအဝေးအပြီး ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ပြောလိုက် တာပါ။
တရုတ်နဲ့ ဆက်ဆံရေးတင်းမာမှုတွေ မြင့်တက်နေချိန်မှာ ဒေသတွင်း တည်ငြိမ်ရေးအတွက် ကြိုးပမ်းနေရင်း နှစ်နိုင်ငံအကြား အပြန်အလှန် လက်လှမ်းမီရေး သဘောတူညီချက် (RAA) ကို တနင်္လာနေ့က လက်မှတ်ရေးထိုးခဲ့ပြီး ဂျပန်နဲ့ ဖိလစ်ပိုင် နှစ်နိုင်ငံ ကာကွယ်ရေးဆိုင်ရာ ဆက်ဆံရေးကို မြှင့်တင်ခဲ့ကြပါတယ်။
ဒီသဘောတူညီချက်ဟာ အာရှမှာ ဂျပန်နိုင်ငံက ပထမဆုံး လက်မှတ်ရေးထိုးတဲ့ အမျိုး အစားဖြစ်ပြီး အငြင်းပွား တောင်တရုတ်ပင်လယ်မှာ တရုတ်သင်္ဘောတွေက အခိုင်အမာ ဆောင်ရွက်ချက်တွေ ပိုတိုး ဆောင်ရွက်နေချိန်နဲ့ တိုက်ဆိုင်နေပါတယ်။
အမေရိကန်ရဲ့ အရင်းနှီးဆုံး အာရှမဟာမိတ်နှစ်နိုင်ငံဖြစ်တဲ့ ဖိလစ်ပိုင်နဲ့ ဂျပန်နှစ်နိုင်ငံ စလုံးဟာ အရှေ့ တရုတ်ပင်လယ်နဲ့ တောင်တရုတ်ပင်လယ်အတွင်း ပိုင်နက်ကိစ္စနဲ့ ပတ်သက်ပြီး တရုတ်နဲ့ အငြင်းပွားနေကြပါတယ်။
ရှေ့တောင်အာရှနိုင်ငံအများအပြားနဲ့ ပဋိပက္ခဖြစ်နေတဲ့ တောင်တရုတ်ပင်လယ် ဒေသကို သူ့ပိုင်နက်အဖြစ် ပိုပြီး အခိုင်အမာပြောဆိုနေတဲ့ တရုတ်ကို ဖိလစ်ပိုင်နဲ့ ဂျပန်တို့က ပြင်းပြင်းထန်ထန် ဆန့်ကျင်ရပ်တည်နေကြပါတယ်။
Source-Reuters