Home
နိုင်ငံတကာ
ပါကစ္စတန် စစ်စခန်း ‌အသေခံဗုံးခွဲ တိုက်ခိုက်ခံရပြီး စစ်သား ၈ ဦး သေဆုံး
DVB
·
July 17, 2024
Photo - Reuters

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းရှိ စစ်အခြေစိုက်စခန်းတခုရဲ့ တံတိုင်းနံရံကို အသေခံ ဗုံးခွဲသမားက ဖောက်ခွဲရေးပစ္စည်းတွေ တင်ဆောင်ထားတဲ့ ကားတစီးနဲ့ မောင်းဝင်ကာ တိုက်ပစ်ခဲ့လို့ လုံခြုံရေးဝန်ထမ်း ၈ ဦး သေဆုံးခဲ့ကြောင်း ဇူလိုင် ၁၆ ရက်မှာ စစ်တပ်က ပြောပါတယ်။

တနင်္လာနေ့က တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့သူတွေထဲမှာ စစ်သား ၇ ဦးနဲ့ အရန်တပ်သားတဦး ပါဝင်ပါတယ်။

ဇူလိုင် ၁၅ ရက်က ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုဟာ အာဖဂန်နစ္စတန်နဲ့ ထိစပ်နေတဲ့ အနောက်မြောက် နယ်စပ်ဒေသမှာ အစ္စလာမ္မစ် စစ်သွေးကြွတွေ ပြန်ပေါ်လာတာနဲ့ တိုက်ဆိုင်နေပြီး အဲဒီဒေသမှာ အစိုးရက သောင်းကျန်းသူနှိမ်နင်းရေး စစ်ဆင်ရေးကို လုပ်ဆောင်ဖို့ အရင်လက လှုံ့ဆော်ခဲ့ပါတယ်။

အစ္စလာမ္မစ် စစ်သွေးကြွတွေရဲ့ ခိုလှုံရာနေရာအဖြစ် လူသိများပြီး အာဖဂန်နစ္စတန် နယ်စပ်နဲ့လည်း နီးကပ်နေတဲ့ မြောက်ပိုင်း ဝါဇီရစ္စတန် လူမျိုးစုနယ်မြေနဲ့ နယ်စပ်ဖြစ်တဲ့ ဘန်နူမြို့က စစ်အခြေစိုက်စခန်းကို စစ်သွေးကြွတွေက ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့တွေကလည်း လာတိုက်ခိုက်တဲ့ စစ်သွေးကြွ ၁၀ ဦးလုံးကို သတ်ဖြတ်ခဲ့ကြောင်း စစ်တပ်က ထုတ်ပြန်ခဲ့ပါတယ်။

ဘန်နူတပ်စခန်းမှာ ကျင်းပတဲ့ ကျဆုံးစစ်သည်တွေရဲ့ ဈာပန ဆုတောင်းပွဲကို စစ်တပ်အရာရှိကြီးတွေ၊ မိသားစုဝင်တွေနဲ့ မိတ်ဆွေတွေ တက်ရောက်ခဲ့ကြကြောင်း ISPR ရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Source-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024