Home
နိုင်ငံတကာ
ဒုတိယငြိမ်းချမ်းရေးညီလာခံအတွက် အသင့်ပြင်ထားဟု ယူကရိန်းသမ္မတ ပြော
DVB
·
July 16, 2024
Photo - Reuters

နိုဝင်ဘာလမှာ ငြိမ်းချမ်းရေးအတွက် မျှော်မှန်းချက်ဆိုင်ရာ ထိပ်သီးညီလာခံကို ကျင်းပဖို့ အဆင်သင့်ဖြစ်နိုင်ရေးအတွက် ငြိမ်းချမ်းရေးအစီအစဉ်ဆိုင်ရာ ကိစ္စရပ်အားလုံး အဆင်သင့်ဖြစ်နေဖို့ ပန်းတိုင်ချမှတ်ထားတယ်လို့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက ဇူလိုင် ၁၅ ရက်မှာ ပြောလိုက်ပါတယ်။

ဒုတိယအကြိမ် ထိပ်သီးညီလာခံမှာ ရုရှားကိုယ်စားလှယ်တွေ ရှိနေသင့်တယ်လို့ ယုံကြည်ကြောင်းလည်း ဇလန်းစကီးက ပြောပါတယ်။

ယူကရိန်းဟာ ပထမအကြိမ် ငြိမ်းချမ်းရေးညီလာခံကို ဆွစ်ဇာလန်နိုင်ငံမှာ အရင်လက ကျင်းပခဲ့ပြီး နိုင်ငံပေါင်း ၉၂ နိုင်ငံက ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ပေမဲ့ ရုရှားကတော့ မတက်ခဲ့ပါဘူး။

လာမယ့်ညီလာခံကို တက်ဖို့ ရုရှားကိုယ်စားလှယ်ကို ဖိတ်ကြားနိုင်တယ်လို့ ယူကရိန်း အစိုးရက ပြောပါတယ်။

ဇလန်းစကီးဟာ အမေရိကန်မြို့တော် ဝါရှင်တန်ဒီစီမှာ အရင်အပတ်က ကျင်းပတဲ့ မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ (NATO) ရဲ့ ထိပ်သီးညီလာခံကို တက်အပြီး ပြန်လာချိန်မှာ ခုလို မှတ်ချက်ပြု ပြောဆိုခဲ့တာပါ။

ရုရှားက ယူကရိန်းကို အပြည့်အဝ ကျူးကျော်စစ် ဆင်နွှဲနေတာ ၂၈ လ ကျော်လာပါပြီ။ ဒုတိယထိပ်သီးညီလာခံက တိကျတဲ့ အနှစ်သာရ ယုတ္တိယုတ္တာကင်းမဲ့နေလို့ ရုရှားက နောက်လာမယ့် ညီလာခံတွေကိုလည်း တက်မှာမဟုတ်ဘူးလို့ ရုရှားနိုင်ငံခြားရေး ဒုဝန်ကြီးက အရင်အပတ်က ပြောခဲ့ပါတယ်။

ယူကရိန်းဟာ ဒီနွေမှာ F-16 တိုက်လေယာဉ်တချို့ကို လက်ခံရရှိမှာဖြစ်ပြီး နှစ်မကုန်ခင် ပိုရဖို့ ရှိတယ်လို့ ဇလန်းစကီးက ပြောခဲ့ပေမဲ့ အရေအတွက် အတိအကျကိုတော့ မပြောခဲ့ပါဘူး။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013