တရုတ်နိုင်ငံအနောက်တောင်ပိုင်းက ချုံချင်းပြည်နယ်မှာ မိုးကြီးပြီး ရေလွှမ်းခဲ့တဲ့အတွက် ပိတ်မိနေတဲ့ ဒေသခံတွေကို ကယ်ထုတ်ဖို့ ကယ်ဆယ်ရေးလုပ်ငန်းတွေ၊ ရေဖောက်ချတဲ့ လုပ်ငန်းတွေ ဆက်လုပ်နေရပါတယ်။
တောင်ထူတဲ့မြို့မှာ စနေနေ့က မိုးကြီးလို့ ကျန်းကျင်းခရိုင်ရဲ့ အစိတ်အပိုင်းတချို့ ရေတင်နေပါတယ်။
လူနေအိမ်တွေရဲ့ ပထမထပ်အထိ ရေမြုပ်နေပြီး သက်ကြီးဒေသခံတွေ အိမ်ထဲမှာ ပိတ်မိနေကြတာပါ။ အကြောင်းကြားစာရအပြီး ကယ်ဆယ်ရေးသမားတွေ ချက်ချင်း သွားကယ်ခဲ့ရပါတယ်။
ည ၈ နာရီကနေ မနက် ၄ နာရီထိ ကယ်ဆယ်ရေးအတွက် အလုပ်များနေခဲ့တယ်၊ ဒေသခံတွေ မိုးမုန်တိုင်းကြားမှာ ဘေးကင်းနိုင်လို့ အားထုတ်ရတာ တန်တယ်လို့ ယုံပါတယ်လို့ ကယ်ဆယ်ရေးအဖွဲ့က ဒေသခံရဲအရာရှိ လျိုဟိုင်လောင်က ပြောပါတယ်။
ဒေသခံတွေ ဘေးကင်းတာ သေချာစေဖို့ ဒေသန္တရ အစိုးရက ဒေသခံတွေ ဘေးကင်းရာ ရွှေ့ဖို့နဲ့ ရေတွေဖောက်ချဖို့ ကယ်ဆယ်ရေးအဖွဲ့တွေကို စနစ်တကျ စီစဉ်ပေးခဲ့ပါတယ်။
လောလောဆယ် အိမ်ထောင်စု ၁၅၆ စုက လူ ၃၂၂ ယောက်ကို ဘေးကင်းရာ ရွှေ့ပေးပြီးပြီလို့ တရုတ်အစိုးရမီဒီယာ CCTV က ပြောပါတယ်။
စနေညက မိုးရေချိန် ၅၂ ဒသမ ၈ မီလီမီတာ မိုးရွာခဲ့လို့ အပြာ၊ အဝါ၊ လိမ္မော်၊ အနီ လေးရောင်ခြယ် သတိပေးစနစ်ထဲက တတိယအမြင့်ဆုံး အဝါရောင်အဆင့် တပ်လှန့် သတိပေးချက်ကို ထုတ်ပြန်ထားရပါတယ်။
လောလောဆယ်တော့ ပျက်သွားတဲ့ လမ်းမကြီးက ယာဉ်ကြောတခုစာ လမ်းပိုင်းကို ပြင်ဆင်ပြီး ယာဉ်သွားခွင့် ပြန်ဖွင့်ပေးထားပါတယ်။
Source-Reuters