တရုတ်နိုင်ငံဟာ ‘ယူကရိန်းနိုင်ငံအတွင်း ရုရှားရဲ့ စစ်ရေးအားထုတ်မှုတွေမှာ အဆုံးအဖြတ်ပေးသူ’လို့ မြောက်အတ္တလန္တိတ်စစ်ရေး မဟာမိတ်အဖွဲ့ (NATO) ရဲ့ အတွင်းရေးမှူးချုပ်က ကင်ပွန်းတပ်ခဲ့တာဟာ တာဝန်မဲ့ပြီး ရန်စတဲ့ မှတ်ချက်လို့ ပြောရင်း တရုတ်က ဇူလိုင် ၁၂ ရက်မှာ ရှုတ်ချခဲ့ပါတယ်။
ယူကရိန်းအရေးကိစ္စနဲ့ပတ်သက်ပြီး နေတိုးဟာ “အမှန်တရားနဲ့ လိမ်ညာမှုတို့ကြားမှာ နားလည်မှု ရှုပ်ထွေးနေပြီး တရုတ်ပြည်တွင်းနဲ့ နိုင်ငံခြားရေးမူဝါဒတွေကို ဖျက်လိုဖျက်ဆီးနဲ့ လိုရာဆွဲ ပြောနေတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လင်ကျင်းက သတင်းထောက်တွေကို ပြောပါတယ်။
စစ်ပွဲ အဆုံးသတ်ရေးအတွက် ယေဘုယျအခြေခံမူတွေကို အချက် ၁၂ ချက်ပါ စာတမ်းအဖြစ် တရုတ်ပြည်မကြီး အစိုးရက လွန်ခဲ့တဲ့ တနှစ်ကျော်က တင်ပြခဲ့ပေမဲ အသေးစိတ် အတိအကျ မသိရသေးပါဘူး။
ရုရှားနဲ့ ယူကရိန်း နှစ်နိုင်ငံစလုံးက အဲဒီစာတမ်းကို အဲဒီအချိန်က နွေးနွေးထွေးထွေး လက်ခံခဲ့ပါတယ်။ တရုတ်နိုင်ငံဟာ နေတိုးရဲ့ ဝေဖန်ချက်တွေကို အကြိမ်ကြိမ် ပြစ်တင်ရှုတ်ချခဲ့ပြီး အာရှ-ပစိဖိတ်ဒေသဆီ နေတိုးက နယ်မြေချဲ့ထွင်မှုကို တားဆီးဖို့ သတိပေးခဲ့ပါတယ်။
နေတိုးရဲ့ အာရှပစိဖိတ်မှာ နယ်မြေချဲ့ထွင်မှုဟာ ဒေသတွင်း သာယာဝပြောရေးနဲ့ တည်ငြိမ်ရေးကို အနှောင့်အယှက်ဖြစ်စေတယ်လို့လည်း ပြောပါတယ်။
Source-Reuters