Home
အားကစား
Opta အချက်အလက်အရ ယူရိုအကောင်းဆုံးအသင်းတွင် စပိန်ကစားသမား ၅ ဦး ပါဝင်
DVB
·
July 16, 2024
Photo - REUTERS/Wolfgang Rattay

ဘောလုံးအချက်အလက်ကုမ္ပဏီတခုဖြစ်တဲ့ Opta ရဲ့ ထုတ်ပြန်ချက်အရ ယူရို ၂၀၂၄ ပြိုင်ပွဲရဲ့ အကောင်းဆုံးအသင်းမှာ ချန်ပီယံ စပိန်က ၅ ဦးအထိ ပါဝင်ခဲ့ပါတယ်။

ဒါပေမဲ့ ပြိုင်ပွဲတလျှောက် အကောင်းဆုံးကစားသမားဆုရရှိခဲ့သူ ရိုဒရီ မပါဝင်ခဲ့ဘဲ တခြား ကစားသမားတချို့လည်း  အံ့အားသင့်စရာ ပါဝင်လာခဲ့တာပါ။

ဂိုးသမားနေရာမှာ ဂျော်ဂျီယာဂိုးသမား မာမက်ဒါရှဗီလီ ရွေးချယ်ခံခဲ့ရပြီး အကြိမ် ၃၀ ကာကွယ်ခဲ့တာ   ၄ ဒသမ ၇၆ ဂိုးပေးရမယ့်  အခွင့်အရေးတွေကို ကာကွယ်နိုင်ခဲ့တာကြောင့်လို့ Opta က ဖော်ပြပါတယ်။

ဒါ့အပြင် အခွင့်အရေးဖန်တီးမှု ၁၆ ကြိမ်အထိ အများဆုံးပြုလုပ်နိုင်ခဲ့သူ ဂျာမနီနောက်ခံလူ ကင်မစ်ချ်လည်း ရွေးချယ်ခံခဲ့ရပြီး အမြင့်ဘောရှင်းထုတ်နိုင်မှု အများဆုံးဖြစ်ခဲ့တဲ့ အင်္ဂလန်နောက်ခံလူ ဂေဟီလည်း ပါဝင်ပါတယ်။

ဒါ့အပြင် ဆွစ်ဇာလန်က အကန်ဂျီနဲ့ စပိန်က ကူကူရယ်လာတို့လည်း ခံစစ်လေးယောက်တန်းမှာ ရွေးချယ်ခံရပါတယ်။

ကွင်းလယ်မှာ စပိန်က ဖေဘီယန်ရုဇ်နဲ့ အော်လ်မို၊ ဂျာမနီက တိုနီခရူးစ်တို့ ပါဝင်ပါတယ်။ တိုက်စစ်ပိုင်းမှာ စပိန်တောင်ပံ နှစ်ဖက်ဖြစ်တဲ့ ရာမဲလ်နဲ့ နီကိုဝီလီယံတို့နဲ့အတူ ဟော်လန်တိုက်စစ်မှူး ကိုဒီဂတ်ပို တို့ ရွေးချယ်ခံခဲ့ရတာ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024