Home
နိုင်ငံတကာ
နီပေါကွန်မြူနစ်ပါတီခေါင်းဆောင် အိုလီ ဝန်ကြီးချုပ်သစ်အဖြစ် စတင်တာဝန်ယူ
DVB
·
July 15, 2024
Photo-Reuters

နီပေါနိုင်ငံမှာ အကြီမားဆုံး နိုင်ငံရေးပါတီ ၂ ခုရဲ့ ညွန့်ပေါင်းအစိုးရဖွဲ့စည်းမှုအရ ကွန်မြူနီပါတီခေါင်းဆောင် ခေါ်ဂါပရာဆတ် ရှာမာအိုလီဟာ ဝန်ကြီးချုပ်သစ်အဖြစ် စတင်တာဝန်ယူတော့မှာ ဖြစ်ပါတယ်။

အသက် ၇၂ နှစ်အရွယ် အိုလီဟာ တနင်္လာနေ့မှာ ကျမ်းသစ္စာကျိန်ဆိုဖို့ရှိနေပြီး ဒါဟာ သူ့အတွက် ၄ ကြိမ်မြောက် ဝန်ကြီးချုပ် တာဝန်ယူမှုဖြစ်ကြောင်း သမ္မတရုံး ထုတ်ပြန်ချက်အရ သိရပါတယ်။

နီပေါရဲ့ အကြီးမားဆုံး ကွန်မြူနစ်ပါတီနဲ့ ဗဟိုလက်ဝဲယိမ်း ကွန်ဂရက်ပါတီတို့ကြား ညွန့်ပေါင်းဖွဲ့စည်းဖို့အတွက် သဘောတူညီမှု ရရှိခဲ့ပြီးနာက် ပူရှ်ပယာ ကာမယ် ဒါဟယ်ရဲ့ အစိုးရသက်တမ်းဟာ ၁၈ လသာ ကြာမြင့်ခဲ့ပါတယ်။

အခုလို ပူးပေါင်းခဲ့ကြတဲ့ လက်ဝဲပါတီကြီး ၂ ခုက လွှတ်တော်အမတ်နေရာ ထက်ဝက်ကျော်ကို ရယူထားနိုင်တာကြောင့် ဒီဝန်ကြီးချုပ်ဟောင်းအပေါ် အယုံအကြည်မရှိကြောင်း မဲခွဲဆုံးဖြတ်ရာမှာ အနိုင်ရခဲ့တာဖြစ်ပါတယ်။

လာမယ့် ၂၀၂၇ အထွေထွေရွေးကောက်ပွဲ မတိုင်ခင်အထိ အာဏာခွဲဝေရေး သဘောတူညီချက်အရ အသက် ၇၈ နှစ်အရွယ် နီပေါကွန်ဂရက်ပါတီဥက္ကဋ္ဌ ဘာဟာဒူ ဒျူဘာ နဲ့ အိုလီတို့ဟာ ဝန်ကြီးချုပ်နေရာမှာ တလှည့်စီ ထမ်းဆောင်သွားဖို့ ရှိနေပါတယ်။

၂၀၀၈ ခုနှစ်တုန်းက နှစ်ပေါင်း ၂၃၉ နှစ်ကြာ ဘုရင်စနစ်ကို နီပေါနိုင်ငံမှာ ဖျက်သိမ်းလိုက်ပြီးနောက် လက်ရှိအချိန်အထိ နိုင်ငံရေးအရ မတည်ငြိမ်မှုတွေ ဖြစ်ပေါ်နေခဲ့ပါတယ်။

ဒါ့အပြင် ကမ္ဘာ့အင်အားကြီး အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ တရုတ်နဲ့ အိန္ဒိယတို့ကလည်း ဒီဟိမဝန္တာနိုင်ငံအရေးကို အနီးကပ် စောင့်ကြည့်လေ့ရှိသလို ဩဇာလွှမ်းမိုးနိုင်ဖို့အတွက်လည်း ကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ အသီးသီးပြုလုပ်ထားပါတယ်။

ဒီတခေါက် နီပေါအစိုးရသစ်ဟာ ဘုရင်စနစ် အဆုံးသတ်ပြီးနောက်ပိုင်း ၁၄ ခုမြောက် ဖြစ်လာခဲ့ပြီး အိုလီရဲ့ အမျိုးသားရေးအမြင်အရ ပေကျင်းဘက် ပိုယိမ်းနိုင်တယ်လို့ ရှုမြင်ထားကြပါတယ်။

Source-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024