ဂါဇာကမ်းမြောင်ဒေသရှိ ခန်ယိုးနစ်စ်မြို့မှာ အစ္စရေးရဲ့ တိုက်ခိုက်မှုအတွင်း ပါလက်စတိုင်း အနည်းဆုံး ၇၁ ဦး သေဆုံးခဲ့ပြီး ၂၈၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဂါဇာကျန်းမာရေးဝန်ကြီးဌာနက ဇူလိုင် ၁၃ ရက်မှာ ပြောကြားပါတယ်။
ဒီတိုက်ခိုက်မှုဟာ ခန်ယိုးနစ်စ်မြို့မှာ စစ်ဘေးရှောင်ပြည်သူတွေ နေထိုင်တဲ့ တဲတွေကို ထိမှန်ခဲ့တာဖြစ်ကြောင်း ဟားမတ်စ်အဖွဲ့ပိုင် မီဒီယာရုံးက ပြောကြားခဲ့ပါတယ်။
ဂါဇာကမ်းမြောင်ဒေသရှိ ခန်ယိုးနစ်စ်ကို တိုက်ခိုက်မှုဟာ ဟားမတ်စ် စစ်ဦးစီးချုပ်ကို ပစ်မှတ်ထားခဲ့တာဖြစ်ကြောင်း အစ္စရေးစစ်တပ်ရဲ့ ရေဒီယိုက စနေနေ့မှာ ပြောကြားခဲ့ပါတယ်။
ဟားမတ်စ် စစ်ဦးစီးချုပ် မိုဟာမဒ်ဒေ့ဖှ် သေဆုံးသွားခြင်း ရှိ၊ မရှိ ရှင်းရှင်းလင်းလင်း မသိရသေးကြောင်း စစ်တပ်ရေဒီယိုက ပြောပါတယ်။
အစီရင်ခံစာကို ရှာဖွေနေတယ်လို့ အစ္စရေးစစ်တပ်က ပြောဆိုပါတယ်။ ခန်ယိုးနစ်စ်မြို့ရှိ နက်ဆာဆေးရုံမှာ ရုပ်အလောင်း ၂၀ နဲ့ ဒဏ်ရာရရှိသူ ၉၀ ရှိကြောင်း ဂါဇာကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီထုတ်ပြန်ချက်မှာ တခြားဆေးဘက်ဆိုင်ရာဌာနတွေဆီ ရွှေ့ပြောင်းသွားရသူတွေရဲ့ နောက်ဆုံးကိန်းဂဏန်းကိုတော့ မဖော်ပြထားပါဘူး။
ဟားမတ်စ် မီဒီယာရုံးကတော့ မြို့ပြ အရေးပေါ် ကူညီကယ်ဆယ်ရေးအဖွဲ့ဝင်တွေ အပါအဝင် အနည်းဆုံး လူ ၁၀၀ လောက် သေဆုံးပြီး ဒဏ်ရာရခဲ့ကြောင်း ပြောဆိုခဲ့ပါတယ်။
Source: Reuters