တရုတ်နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့အကြား ချစ်ကြည်ရင်းနှီးစွာ ကူးလူးဆက်ဆံမှုတွေနဲ့ အပြန်အလှန်အကျိုးရှိတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေအတွက် စံနမူနာတရပ် ချမှတ်ခဲ့တယ်လို့ တရုတ်သမ္မတ ရှီကျင့်ဖျင်က ဇူလိုင် ၁၀ ရက်မှာ ပြောပါတယ်။
ရှီက ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာနဲ့ ဘေဂျင်းမြို့တော်မှာ တွေ့ဆုံရာမှာ အခုလို မှတ်ချက်ပေးခဲ့တာပါ။
“တရုတ်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ဟာ အချင်းချင်း ချစ်ကြည်ရင်းနှီးတဲ့ အိမ်နီးချင်းနိုင်ငံတွေပါ။ နှစ်နိုင်ငံကြား ချစ်ကြည်ရင်းနှီးစွာ ကူးလူးဆက်ဆံမှုဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက သံတမန်ဆက်ဆံရေး ထူထောင်ပြီး ကတည်းက တရုတ်နဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား အမြဲတမ်း လေးစားချစ်ခင်မှုတွေ၊ အချင်းချင်း တန်းတူရည်တူဆက်ဆံပြီး အားလုံး အကျိုး ရှိတဲ့ ပူးပေါင်းဆောင်ရွက်မှုကို လျှောက် လှမ်းခဲ့တယ်၊ အထူးသဖြင့် နိုင်ငံတွေအကြား အပြန်အလှန်အကျိုးရှိတဲ့ ပူးပေါင်းဆောင်ရွက်မှုအတွက် စံနမူနာတခု ချမှတ်လိုက်တာပဲလို့ ရှီက ပြောပါတယ်။
ရှီရဲ့ဦးဆောင်မှုအောက်မှာ တရုတ်ဟာ စီးပွားရေးအရ အခုကမ္ဘာကြီးမှာ တန်ခိုးကြီးနေပြီလို့ ခံစားရတယ်၊ အခု တရုတ်က ထူးထူးခြားခြား စီးပွားရေးတိုးတက်မှုကို ရနေပြီလို့ ဟာစီနာက ပြောပါတယ်။
ဟာစီနာဟာ တရုတ် ဝန်ကြီးချုပ်လီချန်ရဲ့ ဖိတ်ကြားချက်အရ ဇူလိုင် ၈ ရက်ကနေ ၁၀ ရက်အထိ တရုတ်နိုင်ငံဆီ တရားဝင် လာရောက်လည်ပတ်နေတာပါ။
ဟာစီနာရဲ့ သက်တမ်းသစ်စတင်ချိန်ကစပြီး တရုတ်နိုင်ငံဆီ ပထမဆုံး လာရောက် လည်ပတ်တာဖြစ်ပြီး လွန်ခဲ့တဲ့ ၅ နှစ်က တရုတ်နိုင်ငံဆီ နောက်ဆုံးခရီးစဉ်အဖြစ် လာရောက် လည်ပတ်ခဲ့ဖူးပါတယ်။
Source-Reuters