ရုရှားနဲ့ အိန္ဒိယနိုင်ငံကြား ဆက်ဆံရေးဟာ ယူကရိန်းနဲ့ ရုရှားစစ်ပွဲကို အဆုံးသတ်ဖို့ ရုရှားသမ္မတ ဗလာဒီမာပူတင်ကို တိုက်တွန်းနိုင်စွမ်း ရှိနေတယ်လို့ အမေရိကန်အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ကက်သရင်း ယွန်းပြဲက ဇူလိုင် ၉ ရက်မှာ ပြောလိုက်ပါတယ်။
အမျိုးသားလုံခြုံရေးကောင်စီ (NSC) က လုပ်ဖော်ကိုင်ဖက်တွေက ဒါကို ပြောပြီးမယ်လို့ ယုံကြည်ပါတယ်။
အိန္ဒိယဟာ ရုရှားနဲ့ သူတို့ရဲ့ဆက်ဆံရေး အပါအဝင် ပွင့်လင်းမြင်သာစွာ ပြောဆိုဆက်ဆံနေတဲ့ ရုရှားရဲ့ မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံ ဖြစ်ပါတယ်။
ကက်သရင်းက“ယူကရိန်းမှာ တည်မြဲပြီး တရားမျှတတဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်ဖို့ အိန္ဒိယ အပါအဝင် နိုင်ငံအားလုံးက ကြိုးပမ်းအားထုတ်ရေးဟာ အရေးကြီးတယ်လို့ ကျမတို့ ယူဆပါတယ်။ အိန္ဒိယရဲ့ ရုရှားနဲ့ ရေရှည်တည်တံ့တဲ့ ဆက်ဆံရေးဟာ ရုရှားသမ္မတ ပူတင်ကို သူ့ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ စစ်ပွဲကို အဆုံးသတ်ဖို့ တိုက်တွန်းနိုင်စွမ်းကို ပေးတယ်လို့ ကျမတို့ ယုံကြည်တယ်” လို့ ပြောပါတယ်။
ယူကရိန်းနိုင်ငံ မြို့တော် ကိယက်ဗ်က ကလေးဆေးရုံကို အသေအပျောက်များတဲ့အထိ တိုက်ခိုက်ခံရပြီး တရက်အကြာမှာ အပြစ်မဲ့ကလေးငယ်တွေ သေဆုံးရတာ နာကျင်ထိတ်လန့်စရာ ကောင်းတယ်လို့ အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာမိုဒီက ပူတင်ကို ပြောခဲ့တာကြောင့် အမေရိကန်က ခုလို မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။
Source-Reuters