Home
နိုင်ငံတကာ
နှစ် ၂၀ ကျော်ကြာ ပျောက်နေသည့် အမေရိကန် တောင်တက်သမားအလောင်း ပီရူး၌ တွေ့ရှိ
DVB
·
July 11, 2024
Photo - Reuters

ပီရူးနိုင်ငံရဲ့ အမြင့်ဆုံးတောင်နဲ့အနီးတဝိုက်မှာ ရေခဲမြစ်တွေဟာ ဆက်လက် အရည်ပျော်ကျနေခဲ့တာကြောင့် ၂၀၀၂ ခုနှစ်က ပျောက်ဆုံးသွားခဲ့တဲ့ အမေရိကန် တောင်တက်သမားတဦးရဲ့ အလောင်းကို ပီရူးရဲတွေနဲ့ တောင်တက် ကယ်ဆယ်ရေးသမားတွေက ပြန်လည်ဆယ်ယူ ရရှိခဲ့ပါတယ်။ 

အလောင်းထုပ်လို‌မျိုး တွေ့ရှိရတဲ့ အရိုးခြောက်အလောင်းမှာ ကောင်းကောင်းမွန်မွန် ရှိနေသေးတဲ့ တောင်တက်ဘွတ်ဖိနပ်တွေ၊ ဆူးတပ်ခြေနင်း ခရမ်ပွန်တွေနဲ့ အဝတ်အစားတွေအပြင် ဝီလျံမ်စတမ်ဖီးလ် ပိုင်ဆိုင်တဲ့ ယာဉ်မောင်းလိုင်စင်နဲ့ ပတ်စပို့တွေကိုလည်း တွေ့ရှိခဲ့ပါတယ်။

ဝီလျံမ်စတမ်ဖီးလ်ကို လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော်က ရေခဲတောင်ပြိုကျမှုမှာ သေဆုံးသွားကြောင်း သံသယရှိထားတာပါ။ 

ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ သူ့ရဲ့ရုပ်အလောင်းကို ၆,၇၆၈ မီတာမြင့်တဲ့ ဟွာစကန်ရန် တောင်ထိပ်မှ အောက်ဘက် ၅၂၀၀ မီတာ အမြင့်နေရာမှာ ဇူလိုင် ၅ ရက်က ပြန်လည် တွေ့ရှိခဲ့တာလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ 

ဒေသတွင်းရှိ ရေခဲထုကြီးဟာ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကတည်းက အရည်ပျော်နေခဲ့တာလို့ တောထိန်းရိန်းဂျား တယောက်လည်းဖြစ်တဲ့ ဟွာစကန်ရန် အမျိုးသားဥယျာဉ်အတွက် အန္တရာယ် အကဲဖြတ်သူ အက်ဒ်ဆန်ရာမီရက်ဇ်က ပြောပါတယ်။ 

Source-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024