ဘရာဇီးကစားသမား ဖီလစ်ပီကော်တင်ညိုဟာ မွေးရပ်မြေကလပ် ဗက်စ်ကိုဒဂါးမား အသင်းဆီ ပြန်လည်ပြောင်းရွှေ့သွားပါတယ်။
အက်စ်တန်ဗီလာအသင်းကနေ တရာသီအငှားစာချုပ်နဲ့ ပြောင်းရွှေ့ခဲ့တာပါ။ ကိုယ်ကြီးပြင်းရာ နေရာဆီပြန်လည် ရောက်ရှိလာရတဲ့အပေါ် အလွန်ကျေနပ် ပျော်ရွှင်မိပြီး ကိုယ့်ရဲ့အိမ်ဆီပြန်လာရသလို ခံစားရကြောင်း ကော်တင်ညိုကပြောပါတယ်။
အသက် ၃၂ နှစ်ရှိပြီဖြစ်တဲ့ ကွင်းလယ်တိုက်စစ်ကစားသမားဟာ ဗက်စ်ကိုဒဂါးမားအသင်းနဲ့ ကစားသမား ဘဝစတင်ခဲ့ပြီး ၂၀၁၀ ပြည့်နှစ်မှာ အီတလီကလပ် အင်တာမီလန်ဆီ ပြောင်းရွှေ့ခဲ့တာပါ။
အဲဒီနောက် အက်စ်ပန်ညိုမှာ အငှားထွက်ကစားခဲ့ပြီး ၂၀၁၂ ခုနှစ်မှာ လီဗာပူးအသင်း ဆီပြောင်းရွှေ့ခဲ့ပါတယ်။
လီဗာပူးမှာ ကစားသမားဘဝအကောင်းဆုံးအချိန် ဖြစ်ခဲ့ပြီး ၂၀၁၇ ခုနှစ်မှာ ဘာစီလိုနာအသင်းဆီ ပေါင် ၁၄၅ သန်းလောက်နဲ့ ပြောင်းရွှေ့ခဲ့သူပါ။
ဘိုင်ယန်မှာ အငှားထွက်ကစားခဲ့ပြီး ၂၀၂၁ ခုနှစ်မှာ အက်စ်တန်ဗီလာအသင်းဆီပ ပြောင်းရွှေ့ကစားခဲ့ပါတယ်။ မနှစ်ကရာသီမှာတော့ ကာတာလိဂ်မှာ အငှားထွက်ကစားခဲ့တာ ဖြစ်ပါတယ်။
Photo- Reuters