ကိုလံဘီယာနိုင်ငံ ဆန်အန်ဒရေးစ်ကျွန်း အနောက်ဘက် ရေမိုင်တမိုင်လောက်အကွာ ပင်လယ်ပြင်မှာ မျောနေတဲ့ ရွှေ့ပြောင်းနေထိုင်သူ ၁၅ ဦးကို တွေ့ရှိကယ်တင်ခဲ့ကြောင်း တောင်အမေရိကနိုင်ငံရဲ့ ရေတပ်က ဇူလိုင် ၉ ရက်မှာ ထုတ်ပြန်ပါတယ်။
အာဏာပိုင်တွေက ကိုလံဘီယာနိုင်ငံသား ၁ ဦး၊ အီကွေဒေါ ၁ ဦး၊ အီရန် ၁ ဦး၊ နီကာရာဂွါ ၁ ဦး၊ ကာဇက်စတန်မှ ကလေး ၂ ဦးအပါအဝင် ၄ ဦး၊ ဗင်နီဇွဲလားနိုင်ငံသား ကလေး ၃ ဦးအပါအဝင် ၆ ဦးနဲ့ နိုင်ငံသား မသတ်မှတ်ရသေးတဲ့ ကလေး ၁ ဦးတို့ကို ကယ်တင်နိုင်ခဲ့ကြောင်း၊ အလောင်းတလောင်းကို ရှာဖွေတွေ့ရှိခဲ့ပြီး နောက်ထပ် ၄ ဦးကိုလည်း ဆက်လက်ရှာဖွေနေတယ်လို့ ဆိုပါတယ်။
ဆန်အန်ဒရေးစ် ကမ်းရိုးတန်းစောင့် စခန်းမှူး ဂီလဲရ်မို အလက်ဇန်ဒါ လိုဇာနို ကက်စထီလွန် ရဲ့ အဆိုအရ ရွှေ့ပြောင်းနေထိုင်သူတွေဟာ နီကာရာဂွါရှိ ကွန်းန် အိုက်လန်လို့ ခေါ်တဲ့ ကျွန်းတကျွန်းကို ရောက်ရှိဖို့ ကြိုးပမ်းခဲ့ကြကြောင်း သိရပါတယ်။
Source-Reuters