‘ဆိုက်ဘာလုံခြုံရေးပြဿနာ’ ဟာ တရုတ်နိုင်ငံကို အပုပ်ချဖို့ သုံးနေတာလို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဇူလိုင် ၉ ရက်မှာ ပြောခဲ့ပါတယ်။
ထင်ရှားတဲ့ ဆိုက်ဘာဖောက်ထွင်းရေးသမား ဟက်ကာအဖွဲ့တဖွဲ့ဟာ တရုတ်အစိုးရနဲ့ ဆက်နွှယ်မှုရှိတယ်လို့ ဩစတြေးလျအစိုးရက စွပ်စွဲပြီးနောက် ခုလိုတုံ့ပြန်ခဲ့တာပါ။
တရုတ်ကျောထောက်နောက်ခံပြု ဟက်ကာအဖွဲ့တဖွဲ့ဟာ ၂၀၂၂ ခုနှစ်မှာ အမည်မဖော်ချင်တဲ့ သြစတြေးလျကွန်ရက်နှစ်ခုက စကားဝှက်တွေနဲ့ အသုံးပြုသူနာမည်တွေကို ခိုးယူခဲ့တယ်လို့ သြစတြေးလျအစိုးရ ဆိုက်ဘာလုံခြုံရေးအေဂျင်စီက ဇူလိုင် ၉ ရက်မှာ စွပ်စွဲခဲ့ပြီး သူတို့ဟာ ခြိမ်းခြောက်မှုတခုအဖြစ် ဆက်ရှိနေတယ်လို့ ပြောခဲ့ပါတယ်။
သြစတြေးလျ ဆိုက်ဘာလုံခြုံရေးစင်တာက ဦးဆောင်တဲ့ ပူးတွဲအစီရင်ခံစာထဲမှာ APT40 လို့ နာမည်ပေးထားတဲ့ ဟက်ကာတွေဟာ အန္တရာယ်ရှိတဲ့ ဆိုက်ဘာစစ်ဆင်ရေး နိုင်ငံခြား ထောက်လှမ်းရေးကို စောင့်ကြည့်နေတဲ့ တရုတ်နိုင်ငံရဲ့ အမျိုးသား လုံခြုံရေးဝန်ကြီးဌာနအတွက် လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
ဒီစွပ်စွဲချက်တွေဟာ ပြဿနာတက်အောင် နှိုးဆော်တာဖြစ်ပြီး တရုတ်က ဒါကို ပြတ်ပြတ်သားသား ဆန့်ကျင်ပါတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လင်ကျန်းက ဇူလိုင် ၉ ရက်နေ့ ပေကျင်းမှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ထပ်လောင်းပြောကြားခဲ့ပါတယ်။
နှစ်နိုင်ငံစလုံးဟာ တင်းမာတဲ့ ဆက်ဆံရေးကာလတခု ပြီးတဲ့နောက် နှစ်နိုင်ငံဆက်ဆံရေး ပြန်တည်ဆောက်နေချိန်မှာ သြစတြေးလျရဲ့ အစီရင်ခံစာကို တရုတ်က ခုလိုတုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။
Source-Reuters