Home
မြန်မာသတင်း
မြန်မာရေပိုင်နက်တွင် ငါးမန်းမျှားလှေနှင့်အတူ အင်ဒိုနီးရှားနိုင်ငံသား ၇ ဦး ဖမ်းဆီးခံရ
DVB
·
July 9, 2024
boat 972024

မြန်မာ့ရေပိုင်နက်အတွင်း တရားမဝင် ဝင်ရောက်လာတဲ့ ငါးမန်းဖမ်းစင်လှေပေါ်မှာ ဖမ်းဆီးရမိခဲ့တဲ့ အင်ဒိုနီးရှားနိုင်ငံသား ၇ ဦးကို ကော့သောင်းမြို့မရဲစခန်းမှာ ဇူလိုင် ၈ ရက်က လဝကအက်ဥပဒေနဲ့ အမှုဖွင့်လိုက်တယ်လို့  ရေတပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

စစ်ကောင်စီတပ်ရဲ့ ကင်းလှည့်ရေယာဥ် ၅၆၇ က ဇူလိုင် ၄ ရက် မနက်မှာ  ASLAM SAMMUDERA အမည်နဲ့ ငါမန်းမျှားစက်လှေပေါ်မှာ အင်ဒိုနီးရှားအမျိုးသားတွေကို ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။

ရေတပ်နဲ့နီးစပ်သူတဦးက "သူတို့ကို ပင်လယ်ထဲက ခေါ်လာပြီး ကော့သောင်းမြို့မရဲစခန်းကို လွှဲပေးတယ်လှေနဲ့ ဆက်စက်ပစ္စည်းတွေကို ငါးလုပ်ငန်းဦးစီးကို လွှဲပေးလိုက်တယ်"လို့ ပြောပါတယ်။

ကင်းလှည့်စစ်ရေယာဥ် ၅၆၇ က ကော့သောင်းမြို့ ဘုရင့်နောင်ဆိပ်ခံဘောတံတားမှာ ဇူလိုင် ၇ ရက်က ဖမ်းဆီးလာတဲ့ အင်ဒိုနီးရှားနိုင်ငံသား ၇ ဦး ၊ ငါးမန်းမျှားလှေနဲ့ ဆက်စပ်ပစ္စည်းတွေကို လာရောက်အပ်နှံခဲ့ရာ လဝကစစ်ဆေးပြီး မြို့မရဲစခန်းက အမှုဖွင့်ခဲ့တာဖြစ်တယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

"ငါးလုပ်ငန်းက လှေနဲ့ဆက်စပ် ပစ္စည်းတွေသိမ်းသွားတယ်။ လဝကရုံးက စစ်ဆေးပြီး လဝကအက်ဥပဒေနဲ့ အမှုဖွင့်ဖို့လုပ်နေတယ် ၇ ယောက်လုံး ကော့သောင်းအချုပ်ထဲမှာပါ။” 

လတ်တလောမှာ အင်ဒိုနီးရှားနိုင်ငံသား ၇ ဦးကို ကော့သောင်းမြို့မရဲစခန်းက လဝကအက်ဥပဒေ နဲ့အမှုဖွင့်အရေးယူထားတယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013