အင်္ဂလန်တောင်ပံတိုက်စစ်ကစားသမား ဘူကာရိုဆာကာကို ဟော်လန်အသင်းဖော် ခံစစ်မှူးတွေက ထိန်းချုပ်နိုင်စွမ်းရှိကြောင်း နောက်ခံလူဗန်ဒီဗင်က ပြောသွားပါတယ်။
ဟော်လန်အသင်းဟာ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ အင်္ဂလန်နဲ့ ဇူလိုင် ၁၁ ရက်မှာ ယှဉ်ပြိုင်သွားရမှာပါ။
အဲဒီပွဲစဉ်မှာ ခြေစွမ်းပြနေတဲ့ အင်္ဂလန်တောင်ပံကစားသမား ဘူကာရိုဆာကာနဲ့ ပတ်သက်လို့ စိုးရိမ်စရာမရှိကြောင်း၊ ဟော်လန်နောက်ခံလူတွေဖြစ်တဲ့ ဗန်ဒိုက်နဲ့ နသန်အကီတို့က ဆာကာကို ထိန်းချုပ်နိုင်လိမ့်မယ်လို့ ဗန်ဒီဗင်ကပြောပါတယ်။
ဆာကာဟာ ဆွစ်ဇာလန်နဲ့ ကွာတားပွဲစဉ်မှာ အသင်းအတွက်အရေးပါတဲ့ ချေပဂိုးကို ပွဲပြီးခါနီးမှာ သွင်းယူပေးခဲ့တာပါ။
ဆာကာနဲ့ ကလပ်အသင်းမှာနှစ်ကြိမ်တွေ့ဆုံးခဲ့ဖူးလို့ အံ့အားသင့်စရာ ကောင်းတဲ့ ကစားသမားဖြစ်ပေမဲ့ အသင်းဖော်တွေက ထိန်းချုပ်နိုင်စွမ်းရှိကြောင်း၊ ပွဲထွက်ကစားခွင့် ရမယ်ဆိုရင်လည်း ဆာကာကို ထိန်းချုပ်နိုင်ဖို့ ပြင်ဆင်ထားကြောင်း ဗန်ဒီဗင်က ပြောပါတယ်။
Photo-Reuters