Home
မြန်မာသတင်း
မှော်ဘီ ဝါးနက်ချောင်းစျေး မီးလောင်ပြီး ဆိုင်ခန်း ၁၄ ခန်း ဆုံးရှုံး
DVB
·
July 8, 2024
HmawBiFire_08072024

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ ဝါးနက်ချောင်းစျေး အပြင်ပိုင်းမှာ ဇူလိုင် ၇ ရက် မနက် ၃ နာရီ ၄၀ မိနစ်လောက်က စျေးဆိုင်ခန်းတချို့ မီးလောင်ခဲ့ကြောင်း မြို့နယ်မီးသတ်ရုံးက သိရပါတယ်။

မှော်ဘီမြို့နယ်၊ ဝါးနက်ချောင်းကျေးရွာရှိ စျေးအပြင်ပိုင်းက ဆိုင်ခန်းတခုအတွင်း Safeguard အပူလွန်ကဲရာမှ မီးလောင်ကျွမ်းခဲ့တာလို့ မှော်ဘီမြို့နယ် မီးသတ်တပ်ဖွဲ့ရုံးနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

“မီးစတင်လောင်တဲ့ဆိုင်ခန်းက ရေခဲသေတ္တာနဲ့ ချိတ်ထားတဲ့ Safeguard အပူလွန်ကဲပြီး ဖြစ်တာပါ။ မီးပွားတွေထွက်ပြီး အနားမှာရှိတဲ့ အဝတ်ပုံနဲ့ စာအုပ်ပုံတွေပေါ်ကျရာက တခြားဆိုင်ခန်းတွေပါ မီးကူးစက်လောင်ကျွမ်းခဲ့တာပါ။”

အဲဒီစျေးဆိုင်ခန်း မီးလောင်မှုမှာ အချိန် ၁ နာရီနီးပါး ကြာ​​မြင့်ခဲ့ကြောင်းနဲ့ မီးလောင်မှုကြောင့် ဆိုင်ခန်း ၁၄ ခန်း၊ ရေခဲသေတ္တာ ၃ လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရပါတယ်။

ဒါ့အပြင် မီးလောင်မှုကြောင့် ဆိုင်ခန်းပိုင်ရှင်ဖြစ်သူ အသက် ၅၂ နှစ်အရွယ် အမျိုးသားကို မှော်ဘီမြို့မရဲစခန်းက ပေါ့ဆမီးသုံးစွဲခြင်း ဥပဒေပုဒ်မ ၂၈၅ နဲ့ အမှုဖွင့်ထားပါတယ်။

ပြီးခဲ့တဲ့နှစ် ဇန်နဝါရီ ၁၃ ရက်ကလည်း ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ လိပ်ပုတ်ကျေးရွာအုပ်စု အမှတ် ၄ လမ်းမပေါ်ရှိ Grand Royal အရက်ချက်စက်ရုံမှာ မီးလောင်ခဲ့ကြောင်း သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013