ဘူလ်ဂေးရီးယားနိုင်ငံက ရှေးဟောင်းသုတေသနပညာရှင်တွေဟာ ရောမခေတ်ရေဆိုးမြောင်း တခုကို တူးဖော်ရင်းနဲ့ စကျင်ကျောက်သားနဲ့ ထုလုပ်ထားတဲ့ လေးရာစုလောက်က ဂရိနတ်ဘုရား ဟားမီးစ် ရုပ်တု တခုကို တူးဖော်တွေ့ရှိခဲ့ပါတယ်။
အကောင်းတိုင်းနီးပါး ရှိနေသေးတဲ့ ၂ မီတာမြင့်တဲ့ ရုပ်တုကို ဘူဂေးရီးယားနိုင်ငံ အနောက် တောင်ပိုင်း၊ ဂရိနိုင်ငံနဲ့ ထိစပ်နေတဲ့နေရာမှာရှိတဲ့ ဟီရာကလီယာ ဆင်တီကာ မြို့ဟောင်း သုတေသန တူးဖော်ရေးလုပ်ကွက်မှာ တွေ့ရှိခဲ့တာဖြစ်ပါတယ်။
အေဒီ ၃၈၈ မှာ ဒီမြို့ဟာ ငလျင်ကြောင့် ပျက်စီးသွားခဲ့တာဖြစ်ပြီး ရုပ်တုကို ရေဆိုးမြောင်းထဲမှာ စနစ်တကျ ဝှက်ထားခဲ့လို့ အကောင်းအတိုင်းကျန်ရှိခဲ့တာလို့ ရှေးဟောင်းသုတေသနပညာရှင်တွေ က ဆိုပါတယ်။
ဟီရာကလီရာ စင်တီကာမြို့ကို ဘီစီ ၃၅၆ နဲ့ ၃၃၉ ကြားမှာ ရှေးခေတ် မက်ဆီဒိုးနီးယားနိုင်ငံရဲ့ ဘုရင် ဒုတိယမြောက် ဖိလစ်က ထူထောင်ခဲ့တာဖြစ်ပါတယ်။
ဒီကနေ့ခေတ်မှာတော့ ဘူဂေးရီးယားနိုင်ငံထဲက ပီရင်မက်ဆီဒိုနီးယား ဒေသမှာ ပါဝင်ပါတယ်။
ရောမအင်ပါယာမှာ ခရစ်ယာန်ဝါဒကို တရားဝင် ဘာသာရေးအဖြစ် သတ်မှတ်လိုက်ချိန်မှာ မြို့ခံ အချို့က ဒီရုပ်တုကို သိုဝှက်ထားခဲ့ကြတာလို့ ပညာရှင်တွေက ကောက်ချက်ချပါတယ်။
ငလျင်ကြီးလှုပ်ပြီးတဲ့နောက်ပိုင်းမှာ ဟီရာကလီယာ ဆင်တီကာမြို့လည်း တိမ်ကောသွားခဲ့ပြီး အေဒီ ၅၀၀ လောက်မှာ မြို့ပျက်ကြီး ဖြစ်သွားခဲ့တာပါ။
Source-Reuters