Home
နိုင်ငံတကာ
ဟာရီကိန်း ဘဲရဲလ် မက္ကဆီကန်ကမ်းခြေကို  တိုက်ခတ်
DVB
·
July 6, 2024
Photo- REUTERS

ကာရေဘီယံကျွန်း အများအပြားကို အပျက်အစီးတွေ ဖြစ်ကျန်အောင် ဖြတ်သန်းလာတဲ့ အမျိုးအစား ၂ ဟာရီကိန်းမုန်တိုင်း ဘဲရဲလ်ဟာ ဇူလိုင် ၅ ရက် အစောပိုင်းမှာ မက္ကဆီကိုရဲ့ ထိပ်တန်း ခရီးသွားနေရာတွေဖြစ်တဲ့ ကုန်းတွင်းပိုင်းကို ဝင်ရောက်ခဲ့ပြီး ဒေသတွင်းမှာ သတိပေးချက် အမြင့်ဆုံး ထုတ်ပြန် တပ်လှန့်ထားပါတယ်။ 

အန္တရာယ်ရှိတဲ့ ဒီရေလှိုင်းတွေနဲ့ အဖျက်လှိုင်းတွေကို သယ်ဆောင်လာလိမ့်မယ်လို့ မျှော်လင့်ထားတဲ့ အဲဒီမုန်တိုင်းဟာ ယူးကတန် ကျွန်းရှိ တူလွန်မ်မြို့ရဲ့အရှေ့မြောက်ဘက်ကို ဝင်ရောက်ခဲ့တာကြောင့် လေတိုက်နှုန်းဟာ ၁ နာရီကို ၁၁၀ မိုင်အထိ တိုက်ခတ်နေကြောင်း အမေရိကန်အမျိုးသား ဟာရီကိန်းစင်တာ (NHC) က ပြောကြားပါတယ်။ 

ဇူလိုင် ၅ ရက်မှာ ဟာရီကိန်း ဘဲရဲလ်ဟာ နာမည်ကျော် မက္ကဆီကန် အပန်းဖြေစခန်းမြို့ တူလွန်မ် မြို့ရဲ့ လှပတဲ့ကမ်းရိုးတန်းကို အားပြင်းတဲ့ရေတွေနဲ့ ရိုတ်ခတ်ခဲ့တာကြောင့် အပန်းဖြေမြို့မှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး ကမ်းခြေက စုတ်ပြတ်သတ်ကာ သစ်ပင်တွေလည်း လဲကျ ကုန်ပါတယ်။ 

မက္ကဆီကို ကမ်းရိုးတန်းကို ဟာရီကိန်း ဘာရယ် ဝင်ရောက်လာပြီးနောက်မှာ အနည်းငယ်လောက် သာ ထိခိုက်မှုရှိကြောင်း မက္ကဆီကို အာဏာပိုင်တွေက သတင်းထုတ်ပြန်ခဲ့ပါတယ်။ 

တူလွန်မ်မြို့မှာ သောကြာနေ့မနက်က လေပြင်းတိုက်ခတ်ပြီး မိုးသည်းထန်စွာရွာနေချိန်မှာ သစ်ပင်တွေ၊ သစ်ကိုင်းတွေနဲ့ ကျောက်တုံးတွေက လမ်းတွေကို ပိတ်ဆို့နေတာကို ရဲတွေ၊ မီးသတ်သမားတွေနဲ့ စည်ပင်ဝန်ထမ်းတွေက သန့်ရှင်းရေးလုပ်ငန်းတွေမှာ ကူညီပေးနေပါတယ်။ 

ဟာရီကိန်း အခြေအနေတွေဟာ ယူးကာတန်ကျွန်းဆွယ်ကို သက်ရောက်မှုရှိနေတာဖြစ်ပြီး ခို့ဇူမယ်လ် ကျွန်းအပါအဝင် ပွာတိုကို့စ်တာ မာယာအပန်းဖြေဆိပ်ကမ်းမှ ကန်ကွန်အထိ ကမ်းရိုးတန်းအတွက် ဟာရီကိန်းသတိပေးချက် ထုတ်ပြန်ထားပါတယ်။ 

မက္ကဆီကိုရဲ့ အရပ်ဘက်ကာကွယ်ရေးအေဂျင်စီက အနီရောင်သတိပေးချက် ထုတ်ပြန်ခဲ့ပြီး အမြင့်ဆုံး အန္တရာယ်ခြိမ်းခြောက်မှုရှိကြောင်း အချက်ပြ တပ်လှန့်ထားပါတယ်။ 

ဒေသခံတွေကို သူတိ့ရဲ့နေအိမ်တွေမှာ နေကြဖို့ သို့မဟုတ် မုန်တိုင်းဒဏ်ခံ စခန်းတွေမှာ သွားရောက် ခိုလှုံကြဖို့ အကြံပြုထားပါတယ်။

ယူးကာတန်ကျွန်းဆွယ်ကို ဖြတ်ကျော်လာရင် ဘဲလ်ဲရလ် မုန်တိုင်းဟာ မြန်မြန်ဆန်ဆန် အားပျော့သွားမယ်လို့ မျှော်လင့်ခဲ့ရပေမယ့် မက္ကဆီကိုပင်လယ်ကွေ့မှာ ပြန်လည်ထွက်ပေါ်လာပြီး နောက်မှာ အင်အား ပြန်ကောင်းလာပါတယ်။ 

မုန်တိုင်းဟာ သီတင်းပတ်ကုန်နှောင်းပိုင်းမှာ မက္ကဆီကိုအရှေ့မြောက်ပိုင်းနဲ့ တက္ကဆက်တောင်ဘက် ကို ဦးတည်ရွေ့လျားမယ်လို့ NHC မှ ခန့်မှန်းထားပါတယ်။ 

 Source-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024