Home
မြန်မာသတင်း
မိုးကုတ်ဘဏ်များက ငွေ သိန်း ၂ သောင်းကျော်နှင့် ကျောက်မျက်များ စစ်တပ်ယူသွားဟု TNLA ဆို
DVB
·
July 6, 2024

မန္တလေးတိုင်း၊ မိုးကုတ်မြို့အနောက်ပိုင်းတိုက်ပွဲကာလအတွင်း စစ်သားတွေက KBZ ဘဏ်နဲ့ CB ဘဏ်တို့ကို ဖောက်ထွင်းပြီး ငွေသား ကျပ်သိန်းပေါင်း ၂ သောင်းကို ယူဆောင်သွားတယ်လို့ TNLA က ထုတ်ပြန်ပါတယ်။

မိုးကုတ်မြို့၊ ကျပ်ပြင်ရပ်ကွက်က KBZ ဘဏ်နဲ့ ကသဲရပ်ကွက်က CB ဘဏ်တို့ကို ဖောက်ထွင်းပြီး ငွေတွေယူဆောင်တဲ့အပြင် သေဆုံးစစ်သား တယောက်ရဲ့ ကျောပိုးအိတ်ထဲမှာလည်း ငွေသားသိန်း ၅၀ နဲ့ ကျောက်မျက်ရတနာတွေ တွေ့ခဲ့ရတယ်လို့ TNLA ထုတ်ပြန်ချက်အရ  သိရပါတယ်။

ဇွန် ၂၇ ရက်နေ့မှာ တအာင်းတပ်မတော် TNLA၊ မိုးကုတ်ဗျုဟာ၊ PDF (513)နဲ့  ပကဖ (မိုးကုတ်)တို့ ပူးပေါင်းပြီး စစ်ကောင်စီတပ်စွဲထားတဲ့  ဒေါ်နန်းကြည်တောင်စခန်း၊ ရွှေလိပ်ပြာစခန်း၊ ရွှေမျက်ဝန်းစခန်းတို့ကို တိုက်ခိုက်ရာမှာ  စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မြို့အတွင်း ကျပ်ပြင်ရဲစခန်းနဲ့ ဘဏ်မှာ ထွက်ပြေးခိုအောင်းနေခဲ့တယ်လို့ သိရပါတယ်။

မြို့ခံတယောက်က “မြို့ထဲမှာအခုတော့ ငြိမ်နေတယ်။ စစ်သားတွေလည်းမရှိတော့ဘူး။ ပိုက်ဆံတွေယူတာကလည်း တိုက်ပွဲအတွင်းဆိုတော့မသိရသေးဘူး” လို့ ပြောပါတယ်။

မိုးကုတ်မြို့အနောက်ပိုင်းမှာ ဇွန် ၂၅ ရက်နေ့ကစတင်ပြီး TNLA တပ်နဲ့စစ်ကောင်စီတပ်တို့ တိုက်ပွဲ ပြင်းထန်ခဲ့ပြီး ဇွန် ၃၀ရက်နေ့မှာတော့ TNLA က မိုးကုတ်အနောက်ပိုင်းကို ထိန်းချုပ်နိုင်ခဲ့တာပါ။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013