Home
မြန်မာသတင်း
စစ်ရှောင်ပညာရေးဝန်ထမ်းများ တာဝန်ထမ်းဆောင်မှ လစာပေးမည်ဟု ပညာရေးဝန်ကြီးပြော
DVB
·
July 6, 2024

တိုက်ပွဲဖြစ်ရာဒေသက ထွက်ပြေးတိမ်းရှောင်လာတဲ့ ဆရာ၊ ဆရာမတွေအနေနဲ့ ရောက်ရာဒေသမှာ တာဝန်ထမ်းဆောင်မှသာ လစာပေးနိုင်မယ်လို့ ပညာရေးဝန်ကြီး ဒေါက်တာညွန့်ဖေက ပြောပါတယ်။

ရှမ်းမြောက်၊ ကရင်နီ၊ ချင်း၊ ကချင်၊ ကရင်နဲ့ ရခိုင်က မြို့နယ်အချို့မှာ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ဘေးရှောင်ပညာရေဝန်ထမ်းတွေ လစာမရတာနဲ့ပတ်သက်ပြီး ပညာရေးဝန်ကြီးဌာနကို မေးမြန်းခဲ့ရာ အခုလိုဖြေဆိုခဲ့တာလို့ ပညာရေးဝန်ထမ်းတဦးက DVB ကို ပြောပါတယ်။

“ရှမ်းမြောက်မှာ တိုက်ပွဲဖြစ်တော့ မြို့တွေသိမ်းခံရတယ်။ ပညာရေးဝန်ထမ်းတွေက စစ်ဖြစ်ရာနေ

ရာ နေမရတော့ ရေကြည်ရာမြက်နုရာ ထွက်ပြေးကြရတယ်။ ရောက်တဲ့နေရာမှာပဲ တွဲဘက်လျှောက်တယ်၊ လျှောက်တာ ၅ လရှိပြီ၊ ပညာရေးဝန်ကြီးလက်မှတ်မထိုးတော့ တွဲဘက်နေရာမကျသေးဘူး။ အခုလုပ်ရပ်က ဘယ်သူကမှားတယ်၊ မှန်တယ်ဆိုတာ သေချာစဥ်းစားပြီး ဒီစကားပြောသင့်တယ်။” 

စစ်ဘေးရှောင်လာတဲ့ ဆရာ၊ ဆရာမတွေ ရောက်ရာဒေသမှာ တွဲဘက်တာဝန်ထမ်းဆောင်ရမှာဖြစ်ကြောင်း၊ မထမ်းဆောင်နိုင်ပါက ဇူလိုင်လကစပြီး လစာစာရင်း ရေးဆွဲပေးမှာ မဟုတ်ဘူးလို့ ပညာရေးဝန်ကြီးဌာနက အကြောင်းပြန်ခဲ့တာ ဖြစ်ပါတယ်။

ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနအနေနဲ့ တိုက်ပွဲဖြစ်ရာဒေသမှ ထွက်ပြေးလာရတဲ့  ဆရာ၊ ဆရာမတွေကို လစ်လပ်နေရာမှာ ပြောင်းရွှေ့တာဝန် ထမ်းဆောင်နိုင်ရေးအတွက် ဆောင်ရွက်ရာမှာ ငွေကြေးမပေးတာကြောင့် လအတော်ကြာအောင် ရောက်ရာဒေသမှာ တွဲဘက်တာဝန်ထမ်းဆောင်ခွင့်မရဘူးလို့ ကရင်နီပြည်နယ်မှ ထွက်ပြေးလာတဲ့ ဆရာတဦးက DVB ကို ပြောပါတယ်။

“စာတင်တာကြာပြီ၊ ဘယ်သူ့အဖေခေါ်ရမှန်းမသိဘူး။ ဝန်ကြီးလက်မှတ်မထိုးရသေးလို့၊ သစ်ပင်စိုက်ပွဲရှိလို့၊ တိုင်းမှူးကိုပြောပါတို့ အကြောင်းပြချက် အများကြီးပေးတယ်။ အမှန်တကယ်က ငွေမပေးနိုင်လို့၊ ငွေပေးနိုင်တဲ့သူ၊ လူကြီးနဲ့ပတ်သက်တဲ့သူတွေ လုပ်ငန်းခွင် ဝင်တာကြာပြီ။” 

စစ်ကောင်ခန့် ပညာရေးဝန်ကြီး ဒေါက်တာညွန့်ဖေဟာ ပုသိမ်တက္ကသိုလ်မှာ ပါမောက္ခချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့စဥ်က ငွေကြေးကိစွနဲ့နာမည်ဆိုးနဲ့ ကျော်ကြားသူတဦးလည်း ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013