ဗြိတိန်ရွေးကောက်ပွဲ မဲအခြေအနေအရ ကွန်ဆာဗေးတစ်ပါတီက အဆိုးရွားဆုံးအရှုံးနဲ့ ရင်ဆိုင်နေရပြီး အတိုက်အခံလေဘာပါတီ ခေါင်းဆောင် ကီယာစတာမာ ဟာ ဝန်ကြီးချုပ် ဖြစ်လာဖွယ်ရှိပါတယ်။
မဲရလဒ်တွေအရ လေဘာပါတီက ပါလီမန်အမတ်နေရာ ၄၁၀ ရထားပြီး လက်ရှိအာဏာရ ကွန်ဆာဗေးတစ်ပါတီကတော့ အမတ်နေရာ ၁၃၁ နေရာ ရရှိထားလို့ အဆိုးရွားဆုံးရလဒ် ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။
လစ်ဘရယ်ဒီမိုကရက်က ၆၁ နေရာနဲ့ စကော့တစ်အမျိုးသားပါတီက ၁၀ နေရာ၊ ရီဖောင်းယူကေက ၁၃ နေရာ ရထားပါတယ်။ Green ပါတီနဲ့ တခြားပါတီတွေကတော့ အမတ်နေရာ ၂ နေရာသာ ရထားပါတယ်။
၁၄ နှစ်ကြာ လွှမ်းမိုးထားတဲ့ ကွန်ဆာဗေးတစ်ပါတီဟာ အမတ်နေရာ ၂၄၁ နေရာ ဆုံးရှုံးထားပြီး ပါတီရဲ့ သမိုင်းတလျှောက် အဆိုးရွားဆုံးရှုံးနိမ့်မှု ဖြစ်ပါတယ်။
လေဘာပါတီအတွက်တော့ ၂၀၁၀ နောက်ပိုင်း ဝန်ကြီးချုပ်နေရာကို ပြန်လည်ရယူနိုင်မှာပဲ ဖြစ်ပါတယ်။
ကွန်ဆာဗေးတစ်ပါတီဟာ လစ်ဘရယ်ဒီမိုကရက်နဲ့ ရီဖောင်းယူကေတို့ရဲ့ မဲအနိုင်ရမှု တိုးလာမယ်ဆိုရင် ပိုပြီး အခြေအနေဆိုးမှာ ဖြစ်ပါတယ်။
Source-Reuters