အိန္ဒိယဝန်ကြီးချုပ် မိုဒီဟာ ဇူလိုင် ၈ ရက်နဲ့ ၉ ရက်တို့မှာ ရုရှားနိုင်ငံကို ၂ ရက်ကြာ အလည်အပတ်ခရီး သွားရောက်မယ်လို့ ရုရှားနိုင်ငံက ပြောပါတယ်။
ဒါဟာ မိုဒီအတွက် ရုရှားနိုင်ငံက ယူကရိန်းကို ကျူးကျော်စစ်ထိုးတဲ့ အချိန်ကစပြီး ပထမဆုံး မော်စကိုခရီးစဉ် ဖြစ်ပါတယ်။
ရုရှားကို အနောက်အုပ်စုက စီးပွားရေးပိတ်ဆို့နေချိန်မှာ အိန္ဒိယက ရုရှားရေနံတွေ တိုးမြှင့် ဝယ်ယူမှုတွေ ပြုလုပ်ခဲ့ပါတယ်။
မိုဒီရဲ့ ရုရှားခရီးစဉ်က အိန္ဒိယ-ရုရှား ဆက်ဆံရေးကို ပြသမယ့်ခရီးစဉ်လည်း ဖြစ်ပါတယ်။ မိုဒီနဲ့ ပူတင်တို့ဟာ နှစ်နိုင်ငံ ကုန်သွယ်မှု၊ နိုင်ငံတကာနဲ့ ဒေသတွင်း အကြောင်းအရာတွေကို အဓိက ဆွေးနွေးမယ်လို့ ရုရှားရဲ့ ကြေညာချက်မှာ ပါရှိပါတယ်။
ရုရှားကို အနောက်အုပ်စုက ဖယ်ထားချိန်မှာ အိန္ဒိယနိုင်ငံက သံတမန်ရေးနဲ့ စီးပွားရေးအရ အဓိက မိတ်ဖက် ဖြစ်လာနိုင်တယ်လို့ ပူတင်က နားလည်ထားပါတယ်။
မိုဒီနဲ့ ပူတင်တို့ဟာ ၂၀၂၂ ခုနှစ် စက်တင်ဘာလက ဥဇဘက်ကစ္စတန်မှာ ကျင်းပတဲ့ ဒေသတွင်း ထိပ်သီးအစည်းအဝေးပွဲနဲ့ ၂၀၁၉ အိန္ဒိယ-ရုရှား နှစ်ပတ်လည် ထိပ်သီးအစည်းအဝေးမှာ တွေ့ဆုံခဲ့ဖူးပါတယ်။
ဒီနှစ်အစောပိုင်းကလည်း ရုရှားစစ်တပ်နဲ့ လက်တွဲလုပ်ဆောင်တဲ့ လုပ်ငန်းတွေအတွက် အိန္ဒိယနိုင်ငံက လူအချို့ စေလွှတ်ခဲ့ပါတယ်။
အိန္ဒိယနိုင်ငံဟာ ရုရှား-ယူကရိန်း စစ်ပွဲပွဲမှာ ယူကရိန်းကို ထောက်ခံအားပေးတဲ့နိုင်ငံ မဟုတ်ဘူးဆိုတာ ပြီးခဲ့တဲ့ ဆွစ်ဇာလန် ငြိမ်းချမ်းရေး ထိပ်သီးအစည်းအဝေးက ဖော်ပြနေပါတယ်။
Source-Reuters