Home
နိုင်ငံတကာ
ယူကရိန်းတွင် အပစ်အခတ်ရပ်စဲရေး ကြေညာမည်မဟုတ်ဟု သမ္မတ ပူတင် ပြော
DVB
·
July 5, 2024
Photo-Reuters

ကိယက်ဗ်ဟာ မော်စကို လက်ခံနိုင်လောက်တဲ့ အဆင့်တွေ မလုပ်ဆောင်မချင်း ယူကရိန်းမှာ အပစ်အခတ်ရပ်စဲရေးကို ရုရှားက ကြေညာမှာ မဟုတ်ကြောင်း ဇူလိုင် ၄ ရက် သတင်းစာရှင်းလင်းပွဲမှာ ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြောကြားလိုက်ပါတယ်။

 ပူတင်က‌ “ဒီအတိုင်းပဲတော့ ရှေ့ကို ဆက်သွားလို့မရကြောင်းနဲ့ တဖက်က အပြုသဘောဆောင်တဲ့ ခြေလှမ်းတွေ လှမ်းလာမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ အပစ်အခတ် ရပ်စဲရေးကို ကြေညာလိုက်လို့ မရဘူး” လို့ပြောပါတယ်။

နောက်တချက်က ဒီအပစ်အခတ်ရပ်စဲရေးကို အခွင့်ကောင်းယူပြီး ရန်သူကို သူ့အခြေအနေ တိုးတက်အောင်၊ လက်နက်ပြန်တပ်ဆင်နိုင်အောင်၊ အတင်းအကျပ် စည်းရုံးစုဆောင်းပြီး သူ့စစ်တပ်ကို မြှင့်တင်ပြီးတော့ လက်နက်ကိုင် ပဋိပက္ခကို ဆက်နွှဲဖို့ ပြင်ဆင်တာမျိုးကိုလည်း ခွင့်မပြုနိုင်ကြောင်း ပူတင်က ဆိုပါတယ်။

ရုရှားဖက်ဒရေးရှင်းအတွက် ပြောင်းလွယ်ပြင်လွယ် လုပ်လို့မရတဲ့ လက်ခံနိုင်ဖွယ်ရှိတဲ့ ခြေလှမ်းတွေကို တဖက်က သဘောတူကြောင်း သေချာစေဖို့ကလည်း လိုအပ်တယ်လို့ ဆိုပါတယ်။

ရုရှားဟာ ကိယက်ဗ်က သူ့ရဲ့ NATO ရည်မှန်းချက်တွေကို စွန့်လွှတ်ပြီး မော်စကိုက တောင်းဆိုထားတဲ့အတိုင်း ပြည်နယ် ၄ ခုလုံးကို လွှဲပြောင်းပေးမယ် ဆိုရင်တော့ ရုရှားက ယူကရိန်းစစ်ပွဲကို အဆုံးသတ်မှာဖြစ်ကြောင်း ပူတင်က ပြီးခဲ့တဲ့လက ပြောခဲ့ပါတယ်။

လက်နက်ချဖို့ကို သဘောတူဖို့ ရုရှားက တောင်းဆိုခဲ့ပြီး ကိယက်ဗ်က မြန်မြန်ဆန်ဆန်ပဲ ပယ်ချခဲ့ပါတယ်။

နှစ်နိုင်ငံကြား ပဋိပက္ခကို အဆုံးသတ်ဖို့ မော်စကိုရဲ့ အကြံဉာဏ်တွေကို ယူကရိန်းပါလီမန်မှာ အယူခံဝင်ဖို့ ကြိုးစားတာဟာလည်း ရုရှားအတွက် အဓိပ္ပာယ်မရှိဘူးလို့ ပူတင်က ပြောပါတယ်။

ယူကရိန်း အောက်လွှတ်တော် (ရာဒါ) မှာ အများစုဟာ ဒီအုပ်ချုပ်သူ အထက်တန်းစားတွေရဲ့ လက်အောက်ခံပဲ ဖြစ်တာကြောင့် ယူကရိန်းမှာ အာဏာရ အထက်တန်းလွှာတွေရဲ့ အာဏာသိမ်းပိုက်မှု အခြေအနေတွေမှာ ဒါကို ကိုင်တွယ်ဖြေရှင်းဖို့ ဖြစ်နိုင်ပေမဲ့ အဓိပ္ပာယ်မရှိဘူးလို့ ဆိုပါတယ်။

သူတို့ဟာ တရားမဝင် အာဏာရရှိထားပြီး သူတို့အာဏာတွေကို အတည်ပြုဖို့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကိုတောင် အယူခံဝင်ခြင်းမရှိဘူးလို့လည်း ဆိုပါတယ်။

၂၀၁၅ ခုနှစ်မှာ ယူကရိန်းတရားရုံးချုပ်က ယူကရိန်းသမ္မတသက်တမ်းကို ၅ နှစ် ကန့်သတ်ထားတာကြောင့် ယူကရိန်းဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ သမ္မတသက်တမ်းကို ထပ်တိုးရဖို့ အကြောင်းပြချက်မရှိဘူးလို့ ဆုံးဖြတ်ပြီးသားဖြစ်ကြောင်း ပူတင်က ပြောပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013