Home
နိုင်ငံတကာ
ဗြိတိန်ရွေးကောက်ပွဲတွင် လေဘာပါတီ တောင်ပြိုကမ်းပြိုနိုင်မည်ဟု စစ်တမ်း ၂ ခု ဖော်ပြ
DVB
·
July 4, 2024
Photo- REUTERS

ဗြိတိန်အထွေထွေရွေးကောက်ပွဲမှာ စတာမာရဲ့ လေဘာပါတီက အနိုင်ရမယ်လို့ စစ်တမ်း ၂ ခုက ခန့်မှန်းထားပါတယ်။

ကြာသပတေးနေ့မှာ စတင်တဲ့ ရွေးကောက်ပွဲမှာ လေဘာပါတီက တောင်ပြိုကမ်းပြို စံချိန်တင် အနိုင်ရမယ်လို့ စစ်တမ်းတွေက ဖော်ပြတာပါ။

လေဘာပါတီသာ အနိုင်ရမယ်ဆိုရင် ကွန်ဆာဗေးတစ်တွေရဲ့ ၁၄ နှစ်ကြာ လွှမ်းမိုးထားမှု အဆုံးသတ်မှာ ဖြစ်ပါတယ်။

YouGov ရဲ့ နောက်ဆုံးစစ်တမ်းတွေကို အခြေခံတဲ့ ခန့်မှန်းချက်အရ လေဘာပါတီက ၃၉ ရာခိုင်နှုန်း သမိုင်းဝင်အောင်မြင်မှုနဲ့ အောက်လွှတ်တော်မှာ နေရာ ၆၅၀ မှာ ၄၃၁ နေရာ ရမယ်လို့ ဖော်ပြပါတယ်။

လေဘာပါတီဟာ ၁၉၃၅ ခုနှစ်ကတည်းက ရလဒ်ဆိုးခဲ့တာတွေကို သမိုင်းဝင်အောင်မြင်မှုနဲ့ စံချိန်ချိုးမယ်လို့ YouGov က ဖော်ပြထားတာဖြစ်ပါတယ်။

Survation ရဲ့ ခန့်မှန်းချက်က လေဘာပါတီဟာ ၉၉ ရာခိုင်နှုန်း အနိုင်ရမယ်လို့ ဖော်ပြပါတယ်။

လေဘာပါတီဟာ ကွန်ဆာဗေးတစ်တွေရဲ့ ၁၈ နှစ်ကြာ လွှမ်းမိုးမှုကို ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲ လက်ထက်က ချိုးဖျက်ဖူးခဲ့သလို အခုအချိန်မှာလည်း ၁၉၉၇ ကထက် အမတ်နေရာပိုရဖို့ သေချာနေတယ်လို့ ဆိုပါတယ်။

ဗြိတိန်ဝန်ကြီးချုပ်အသစ်ဟာ စီးပွားရေး၊ လူမှုရေးဒုက္ခနဲ့ နိုင်ငံရေးပိုင်းခြားနိုင်မှုစနစ် စတဲ့ ရှုပ်ထွေးတဲ့ ပြဿနာတွေကို ဆက်ခံရမှာပါ။

တက်လာမယ့် အစိုးရအဖွဲ့က စိန်ခေါ်မှုများစွာနဲ့ ရင်ဆိုင်ရမှာဖြစ်တယ်လို့ East Anglia တက္ကသိုလ် ပါမောက္ခက ပြောပါတယ်။

၁၉၉၇ ခုနှစ်တုန်းက စီးပွားရေးကောင်းမွန်ခဲ့ပြီး လက်ရှိအချိန်မှာ စံချိန်တင် ငွေကြေးဖောင်းပွ ဖြစ်နေလို့ အစိုးရသစ်က တိုနီဘလဲ အနိုင်ရတုန်းကထက် ပြဿနာတွေကို ပိုပြီးရင်ဆိုင်ရမှာပါ။

Survation က လေဘာပါတီဟာ ထိုင်ခုံနေရာ ၄၈၄ နေရာရပြီး  ၄၂ ရာခိုင်နှုန်း သေချာမယ်လို့ ဖော်ပြပါတယ်။

ကွန်ဆာဗေးတစ်ပါတီကတော့ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေကထက် မဲရမှုပိုနည်းပြီး ၂၃ ရာခိုင်နှုန်းရှိကာ ကွန်ဆာဗေးတစ်တွေ အနိုင်ရလေ့ရှိတဲ့ နယ်မြေတွေမှာပါ အကြီးအကျယ် ရှုံးနိုင်တယ်လို့ ဖော်ပြပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013