Home
မြန်မာသတင်း
နောင်ချိုတိုက်ပွဲတွင် ထွက်ပြေးသွားသည့် ရဲမှူး ၁ ဦးကို စစ်ကောင်စီတပ် ရှာဖွေနေ
DVB
·
July 4, 2024
Photo Crd-သူရ

ဧရာဝတီတိုင်း မြန်အောင်မြို့နယ်ကနေ ရှမ်းပြည်နယ် နောင်ချိုမြို့မှာ တာဝန်ကျနေတဲ့ ရဲမှူးမျိုးအောင်ဟာ နောင်ချိုတိုက်ပွဲအတွင်း ထွက်ပြေးသွားတာကြောင့် စစ်ကောင်စီတပ်က သူ့ရဲ့ဇာတိဖြစ်တဲ့ မြန်အောင်မြို့နယ်မှာ ဇူလိုင် ၂ ရက်ကစတင်ပြီး အပူတပြင်း လိုက်လံရှာဖွေနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ထွက်ပြေးသွားတဲ့ ရဲမှူးမျိုးအောင်ဟာ အာဏာသိမ်းပြီးကတည်းက ရှမ်းပြည်နယ်မှာ တာဝန်ကျနေတာဖြစ်ပြီး လက်ရှိနောင်ချိုတိုက်ပွဲတွေ ပြင်းထန်လာလို့ ရဲတပ်ဖွဲ့ကနေ ထွက်ပြေးသွားတာလို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေက ဆိုပါတယ်။

"ရဲမှူးမျိုးအောင်က ရှမ်းပြည်နယ် နောင်ချိုမှာ တာဝန်ကျနေတာ။ သူက ဧရာဝတီတိုင်းထဲက မြန်အောင်မြို့နယ် ဇာတိသားလို့သိရတယ်။ ထွက်ပြေးသွားလို့ဆိုပြီး စစ်တပ်က သူ့ကို လိုက်ရှာနေတာ။ နာမည်ပြောပြီး ဓာတ်ပုံပြပြီး ပိုက်စိပ်တိုက်ကိုရှာနေတာ” လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတဦးက ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ အင်အား ၃၀ လောက်ဟာ မြန်အောင်မြို့နယ်ထဲက ရပ်ကွက်နဲ့ ကျေးရွာတွေထဲအထိ ရဲမှူး မျိုးအောင်ကို ရက်ဆက် လိုက်လံရှာဖွေနေတာလို့ ဒေသခံတဦးက ပြောပါတယ်။

''မဝှက်ထားပေးဖို့ တွေ့ရင်၊ အကြောင်းကြားဖို့ ဒီဘက်မှာ လိုက်ရှာတဲ့အဖွဲ့ထဲက စစ်သား တယောက်က ပြောတာ။ သူတို့ရှာတဲ့ ရဲမှူး စခန်းစွန့်ခွာ ထွက်ပြေးလို့ ရှာတာတဲ့။ အသည်းအသန် လိုက်ရှာနေတာ။” 

ဧရာဝတီတိုင်းထဲက စစ်ကောင်စီတပ်ရဲ့ ဗိုလ်မှူးအဆင့်ရှိသူတွေ၊ ရဲမှူးအဆင့်ရှိသူတွေအပါအဝင် အင်အား ၁၅၀ ခန့်အထိ ကရင်၊ ရှမ်း၊ ရခိုင်ပြည်နယ်တွေမှာ စစ်ဆင်ရေး တာဝန်နဲ့ ပြောင်းရွှေ့ခံထားရတာများတယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေက ဆိုပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013