Home
မြန်မာသတင်း
ဖမ်းဆီးထားသည့် ဆန်ကုန်သည် ၁၅ ဦးကို စစ်ကောင်စီ ပြန်လွှတ်
DVB
·
July 4, 2024

ဆန်ဈေးမြင့်လို့ ဆန်စပါးအသင်းဥက္ကဋ္ဌနဲ့ ထိပ်တန်း ဆန်တင်ပို့သူ Exporter တွေ အပါအဝင် ဆန်စက်ပိုင်တွေ၊ ဆန်သိုလှောင်သူတွေနဲ့ ဝါးတန်း ဆန်ကုန်စည်ဒိုင်က ဆန်အကျိုးဆောင်တွေကို စစ်ကောင်စီက ပြီးခဲ့တဲ့ ဇွန် ၂၀ ရက်နေ့ကတည်းက ဖမ်းဆီး စစ်ဆေးခဲ့ပါတယ်။

ဆန်လုပ်ငန်းလုပ်ကိုင်သူတွေကို A Group, B Group, C Group အုပ်စု ၃ စုခွဲထားပြီး A Group မှာပါဝင်တဲ့ ၁၁ ဦးကို ပြီးခဲ့တဲ့ ဇွန် ၃၀ ရက်မှာ အရေးကြီးကုန်စည်ဥပဒေအရ ဖမ်းဆီး တရားစွဲဆိုခဲ့ပါတယ်။

အဲဒီနောက် B Group မှာပါဝင်တဲ့ ၁၅ ဦးအုပ်စုကို ဘုရင့်နောင် စစ်ကြောရေးစခန်းမှာ စစ်မေးပြီးတဲ့နောက် အလုံရဲစခန်းကို ပြောင်းရွှေ့ခဲ့ပြီး မနေ့ ဇူလိုင် ၃ ရက်မှာ ပြန်လည် လွှတ်ပေးလိုက်တာလို့ ဝါးတန်းဆန်ကုန်စည်ဒိုင်က ကြီးကြပ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

“၁၅ ယောက် အကုန်ပြန်လွှတ်ပေးလိုက်ပြီ။ ဘီအုပ်စုက ၁၅ ယောက်အုပ်စုပဲ။ ဆန်အဖွဲ့တွေရော၊ ဦးကျော်ဝင်းတို့ရော အကုန်ပြန်လွှတ်ပေးလိုက်ပြီ။ စစ်ကြောရေးက ပြီးတော့မှ ရဲစခန်းမှာ တစုတစည်းတည်းပြန်ထားတာ။”

ဖမ်းဆီးမေးမြန်းခဲ့တဲ့ အုပ်စု C မှာ ပါဝင်ခဲ့တဲ့ ဆန်လုပ်ငန်းလုပ်ကိုင်သူတွေကိုတော့ ခံဝန်လက်မှတ် ရေးထိုးစေပြီး အဲဒီနေ့မှာပဲ ပြန်လွှတ်ပေးခဲ့ပါတယ်။

လတ်တလောမှာ ဈေးကစားလိုတဲ့ ရည်ရွယ်ချက်နဲ့ ဆန်စပါးသိုလှောင်သူတွေကို သိရှိရဖို့အပြင် ပြည်တွင်းဆန်စားသုံးမှု ဖူလုံဖို့နဲ့ ပြည်ပတင်ပို့မှု လုပ်ငန်းတွေအတွက် ဆန်စပါးဆိုင်ရာ သတင်းအချက်အလက်တွေကို သိရှိရဖို့ ဆန်သိုလှောင်သူတွေကို မှတ်ပုံတင်ဖို့အတွက် ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန်စာရင်းတွေကို လစဉ်ပေးပို့ပေးဖို့ ဆန်စပါးအသင်းချုပ်က ဆက်တိုက် ထုတ်ပြန်ထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013