ဒေါ်နယ်ထရမ့်ပ်ရဲ့ နှုတ်ပိတ်ခပေးခဲ့တဲ့အမှုကို စီရင်ချက်ချဖို့ စက်တင်ဘာလအထိ နယူးယော့ခ်တရားရုံးက ရွှေ့ဆိုင်းခဲ့ပါတယ်။
ဗဟိုတရားရုံးရဲ့ စီရင်ချက်ထွက်ပြီးနောက် ထရမ့်ပ်ရဲ့ ရှေ့နေတွေက ပြစ်မှုကို ပြန်စစ်ဆေးဖို့ တောင်းဆိုခဲ့ပြီးနောက် အခုလို ရက်ရွှေ့ဆိုင်းခဲ့တာပါ။
ထရမ့်ပ်ရဲ့အမှုကို ဇူလိုင် ၁၁ ရက်မှာ ဆုံးဖြတ်ချက်ချဖို့ အစောပိုင်းက ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
ထရမ့်ပ်ဟာ သမ္မတတာဝန် ထမ်းဆောင်နေချိန်အတွင်း နှုတ်ပိတ်ခပေးခဲ့တယ်လို့ တနင်္ဂလာနေ့မှာ နိုင်ငံရဲ့ အမြင့်ဆုံးတရားရုံးက ထုတ်ပြန်ခဲ့တာဖြစ်ပြီး ရှေ့နေတွေက ပြန်လည်စိစစ်ပေးဖို့ တောင်းဆိုခဲ့တာပါ။
တရားသူကြီး ဂျူအန်မာချန်က ထရမ့်ပ်ရဲ့အမှုကို စက်တင်ဘာ ၆ ရက်မှာ ဆုံးဖြတ်မယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။
ဒါပေမဲ့ လိုအပ်ပါက စက်တင်ဘာ ၁၈ ရက်မှာ ဆုံးဖြတ်ချက်ချမယ်လို့ တရားရုံးရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
နယူးယော့ခ်တရားရုံးက ထရမ့်ပ်ဟာ ငွေစာရင်းအတုပြုလုပ်တဲ့ အပြစ် ၃၁ ခု ရှိတယ်လို့ မေလက တွေ့ခဲ့တာ ဖြစ်ပါတယ်။
အစိုးရရှေ့နေတွေက ထရမ့်ပ်ဟာ အပြာမယ်ကို နှုတ်ပိတ်ခပေးခဲ့တဲ့ မိုက်ကယ်ကိုဟန်ကို ကုန်ကျငွေ ပြန်ပေးခဲ့တယ်လို့ ဆိုပါတယ်။ ကိုဟန်ဟာ ထရမ့်ပ်ရဲ့ မေတ္တာရပ်ခံချက်နဲ့ အပြာမယ်ကို ဒေါ်လာ ၁၃၀,၀၀၀ နှုတ်ပိတ်ခ ပေးခဲ့တယ်လို့ အစိုးရရှေ့နေတွေက သက်သေပြခဲ့ပါတယ်။
အပြာမယ်ကလည်း ထရမ့်ပ်နဲ့ ပတ်သက်ဖူးကြောင်း ထွက်ဆိုထားပြီး ဒီငွေပေးချေမှုက ၂၀၁၆ ရွေးကောက်ပွဲမတိုင်မီက ဖြစ်ခဲ့တာပါ။ ထရမ့်ပ်ဟာ အဲဒီငွေကို တရားဝင်အသုံးစရိတ်ထဲမှာ ထည့်သွင်းထားတာ ဖြစ်ပါတယ်။
Source-Reuters