Home
နိုင်ငံတကာ
ဂျိုးဘိုင်ဒင် သမ္မတလောင်းအဖြစ်က နုတ်ထွက်ရန် မစဉ်းစားထားဟု အိမ်ဖြူတော်ပြော
DVB
·
July 4, 2024
Photo - REUTERS/Elizabeth Frantz

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ဟာ သမ္မတလောင်း ကိုယ်စားလှယ် အဖြစ်ကနေ ပြိုင်ပွဲကို နုတ်ထွက်ဖို့ မစဉ်းစားထားကြောင်း အိမ်ဖြူတော်က ဇူလိုင် ၃ ရက်မှာ ပြောကြားခဲ့ပါတယ်။

ဒီမိုကရက်တစ်ပါတီက လက်ရှိသမ္မတ ဂျိုးဘိုင်ဒင်ဟာ ရီပတ်ဘလစ်ကန်ပါတီဝင် ပြိုင်ဘက် ဒေါ်နယ်ထရမ့်ပ်နဲ့ ပြီးခဲ့တဲ့သီတင်းပတ်မှာ စိတ်ပျက်စရာ စကားစစ်ထိုးပွဲတွေ ပြုလုပ်ခဲ့ပြီးနောက် ဝေဖန်မှုတွေ ထွက်ပေါ်လာအပြီးမှာ ဘိုင်ဒင်ဟာ သမ္မတလောင်းအဖြစ်ကနေ ဆင်းပေးဖို့ ရှိ မရှိ သတင်းထောက်ရဲ့ မေးခွန်းကို အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ကာရင်းန် ယွန်-ဖြယ်ရ်က ဖြေကြားခဲ့တာပါ။

သမ္မတရဲ့စိတ်ကို ပြောင်းလဲသွားစေမယ့်ကိစ္စလည်း မရှိကြောင်းနဲ့ သမ္မတကြီးဟာ သမ္မတသက်တမ်း ထပ်လုပ်နိုင်ရေးအတွက် သူ့ရဲ့ မဲဆွယ်စည်းရုံးရေးအဖွဲ့နဲ့ ရှေ့ဆက် လုပ်ဆောင်ရမှာတွေကို ရှင်းရှင်းလင်းလင်း ဆက်လုပ်နေကြောင်းလည်း ဆိုပါတယ်။

မကြုံစဘူး မှတ်တမ်းတွေအရ သူရရှိခဲ့တဲ့ အောင်မြင်မှုတွေအတွက် ဆက်ပြီး လုပ်ဆောင်ချင်တဲ့အရာကို သမ္မတကြီးက အာရုံစိုက်နေပြီး အဲဒါကို ဆက်လုပ်ဆောင်သွားဖို့လည်း မျှော်လင့်နေတယ်လို့ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ယွန်-ဖြယ်ရ်က ပြောသွားပါတယ်။

Source-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024