Home
နိုင်ငံတကာ
သဘာဝပတ်ဝန်းကျင်အရေးလှုပ်ရှားသူ ၁၀ ဦးကို ကမ္ဘောဒီးယား ထောင်ဒဏ်ချမှတ်
DVB
·
July 2, 2024
Photo Crd- LICADHO/Handout via REUTERS

ကမ္ဘောဒီးယားတရားရုံးဟာ အစိုးရကို ဆန့်ကျင်ဖို့ ကြံစည်မှု၊ ဘုရင်ကိုစော်ကားမှု‌ စွဲချက်တွေနဲ့ Mother Nature သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့က တက်ကြွလှုပ်ရှားသူ ၁၀ ဦးကို ထောင်ဒဏ် ၈ နှစ်အထိ ချမှတ်လိုက်ကြောင်း အဖွဲ့တည်ထောင်သူနဲ့ ရှေ့နေက ဇူလိုင် ၂ ရက်မှာ ပြောကြားပါတယ်။

စီရင်ချက် ချပြီးပြီးချင်း နောက်မှာ အဲဒီအဖွဲ့ရဲ့ တက်ကြွလှုပ်ရှားသူ ၅ ဦးကို ဖနွမ်းပင်တရားရုံး အပြင်ဘက်မှာ ဖမ်းဆီးခဲ့ပါတယ်။

ယမ်လင်းန်ဟီကို အစိုးရကိုဆန့်ကျင်ဖို့ ကြံစည်ပြီး ဘုရင်ကို စော်ကားမှုအတွက် ထောင်ဒဏ် ၈ နှစ်နဲ့ ငွေဒဏ် ရီးလ်ငွေကြေး ၁၀ သိန်း (ဒေါ်လာ ၂,၄၃၄) ချမှတ်ခဲ့ပါတယ်။

ကျန် ၄ ဦးဖြစ်တဲ့ သွန်ရော့ဒ်ထား၊ လီ ချန်ဒရာဝု၊ လောင်းခွန်သိ၊ ဖွန် ကဲဗီစမိုက် တို့ကို အစိုးရဖြုတ်ချဖို့ ကြံစည်မှုနဲ့ ထောင်ဒဏ် ၆ နှစ် ချမှတ်ခဲ့ပါတယ်။ ကျန်တဲ့သူတွေက ပြည်ပြေးအဖြစ် အဝေးရောက်နေကြပါတယ်။

အင်္ဂါနေ့မှာ ဖမ်းဆီးခံရသူ ၅ ဦးဟာ တရားရုံးကြားနာပွဲကို မတက်ရောက်ခဲ့ပေမဲ့ “တရားမျှတမှု သေဆုံးသွားပြီ” လို့ ရေးထားတဲ့ ပန်းခွေကို သယ်ဆောင်ပြီးတော့ ဈာပနအတု လုပ်ပြထားတဲ့ ဆန္ဒပြချီတက်ပွဲကို ဦးဆောင်ခဲ့ကြပါတယ်။

အဖွဲ့ကိုတည်ထောင်သူ စပိန်နိုင်ငံသား အလက်ဂျန်ဒရို ဂွန်ဇာလက်စ် ဒေးဗစ်ဆင်န် ကိုလည်း ထောင်ဒဏ် ၈ နှစ်နဲ့ ရီးလ်ငွေကြေး ၁၀ သိန်း ချမှတ်ခဲ့ပါတယ်။

ဂွန်ဇာလက်စ် ဒေးဗစ်ဆင်န်ကို လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က ပြည်နှင်ဒဏ်ပေးထားတာဖြစ်ပြီး သူ့မျက်ကွယ်မှာ အပြစ်ရှိကြောင်း စီရင်ချက် ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013