Home
ဆောင်းပါး
အပူချိန်မြင့်လာချိန်မှာ ရေပြဿနာက စစ်ဒဏ်သင့် ဆူဒန်ကို ထိချက်ပြင်းစေပါတယ်
DVB
·
June 30, 2024
Photo-UNHCR

စစ်ပွဲတွေ၊ ရာသီဥတုဖောက်ပြန်မှုတွေနဲ့ လူကလုပ်တဲ့ ရှားပါးပြတ်လပ်မှုတွေကြောင့် အရင်ကတည်းက ထိတ်လန့်စရာအဖြစ်ဆိုးတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ဆူဒန်နိုင်ငံဟာ ရေအကျပ်အတည်းနဲ့ပါ ရင်ဆိုင်နေရပါပြီ။

“စစ်ပွဲစတင်ကတည်းက ကျနော့်ကလေးနှစ်ယောက်ဟာ မိသားစုအတွက် ရေရဖို့ နေ့တိုင်း ၁၄ ကီလိုမီတာ (၉ မိုင်) လမ်းလျှောက်ခဲ့ရပါတယ်” လို့ မြောက်ဒါဖာပြည်နယ်က ၇ နှစ်သားဖခင်  အစ်ဆာက AFP သတင်းအေဂျင်စီကို ပြောကြားခဲ့ပါတယ်။

နေပူကျဲကျဲ အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ် (၁၀၄ ဒီဂရီဖာရင်ဟိုက်) ကျော်လွန်လာချိန်မှာ အစ်ဆာရဲ့ မိသားစု အပါအဝင် ဆော်တိုနီ အိုးမဲ့အိမ်မဲ့စခန်းက အခြားနေထိုင်သူ ၆၅,၀၀၀ ဟာ  ဆူဒန်စစ်တပ်နဲ့ အရန်အမြန်ထောက်ပံ့ရေးတပ်ဖွဲ့ (RSF) များကြား စစ်ပွဲရဲ့ဒဏ်ကို ခံနေကြရပါတယ်။

လွန်ခဲ့တဲ့ တနှစ်ကျော်က ပထမဆုံးပစ်ခတ်မှု ထွက်ပေါ်လာတဲ့အခါ ဆော်တိုနီရဲ့ ဒေသတွင်း ရေပေးဝေရေးဌာန အပါအဝင် နိုင်ငံခြားအကူအညီပေးရေးအဖွဲ့ အများစုဟာ မလည်ပတ်နိုင်တော့ပါဘူး။ သူတို့ကိုယ်သူတို့ ကာကွယ်ဖို့ ဒေသခံတွေကိုလည်း ချန်ထားခဲ့ပါတယ်။

အင်အားကြီးနိုင်းမြစ် အပါအဝင် ရေအရင်းအမြစ် အများအပြား ရှိနေပေမဲ့လည်း နိုင်ငံက ကြီးတာကြောင့် ရေရှားပါးမှုကြုံရတာက မထူးဆန်းပါဘူး။

စစ်မဖြစ်မီကပင် လူဦးရေ ၄ ပုံ ၁ ပုံဟာ ရေရယူဖို့ မိနစ် ၅၀ ကျော် လမ်းလျှောက်ခဲ့ရတယ်လို့ ကုလသမဂ္ဂက ဆိုပါတယ်။

ယခုအခါ ဒါဖာရဲ့ အနောက်ဘက် သဲကန္တာရမှ မြေသြဇာကောင်းတဲ့ နိုင်းမြစ်ဝှမ်းနဲ့ ပင်လယ်နီ ကမ်းရိုးတန်းတလျှောက်လုံးမှာ ရေအကျပ်အတည်းကြောင့် စစ်ငြီးငွေ့လာသူ ဆူဒန်လူမျိုး ၄၈ သန်းအထိ ကြုံတွေ့နေရပြီလို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီးက ပြောကြားခဲ့ပါတယ်။ “ကမ္ဘာပေါ်က အကြီးမားဆုံး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းဖြစ်တယ်” လို့ ဆိုပါတယ်။

လောင်စာမရှိ၊ ရေမရှိ

ဆော်တိုနီ အရှေ့ဘက် ကီလိုမီတာ ၁၁၀ အကွာမှာ RSF (Rapid Support Forces) က ဝိုင်းရံထားတဲ့ မြောက်ဒါဖာရဲ့ မြို့တော် အယ်လ် ဖက်ရှာ (El-Fasher) မှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး အရပ်သား ၈၀၀,၀၀၀ ကျော် ရေရရှိမှု အခက်အခဲနဲ့ ကြုံခဲ့ရပါတယ်။

နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (MSF) က El-Fasher တိုက်ပွဲကြောင့် အနည်းဆုံး ၂၂၆ ဦး သေဆုံးခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

မြို့တော်အပြင်ဘက် ဂိုလို ရေလှောင်ကန်ကို တိုက်ခိုက်ခြင်းကြောင့် “လူပေါင်း ၂၇၀,၀၀၀ ခန့်အတွက် ဘေးကင်းပြီး လုံလောက်တဲ့ ရေကို ဖြတ်တောက်မည့် အန္တရာယ် ဖြစ်စေတယ်” လို့  ကုလသမဂ္ဂ ကလေးသူငယ်များဆိုင်ရာ အေဂျင်စီ UNICEF က သတိပေးထားပါတယ်။

ရေနဲ့ အခြား ရှားပါးတဲ့ အရင်းအမြစ်များ ရရှိရေးဟာ ဆူဒန်မှာ ကာလကြာရှည်စွာ ပဋိပက္ခရဲ့  အကျိုးသက်ရောက်မှု ဖြစ်ပါတယ်။

အယ်လ် ဖက်ရှာက တိုက်ခိုက် ဝိုင်းရံထားမှုကို အဆုံးသတ်ဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက တောင်းဆိုခဲ့ပြီး ဒီအတိုင်းသာ ဆက်သွားနေမယ်ဆိုရင် အဲဒီဒေသရဲ့ မြေအောက်ရေကို မှီခိုနေရသူ ရာနဲ့ချီဟာ မရှိတော့ဘဲ ဖြစ်နေပါလိမ့်မယ်။

“အဲဒီမှာ ရေရှိတယ်၊ ဒါပေမဲ့ မီတာ ၆၀ (၆၆ ကိုက်) နက်တယ်၊ လက်နဲ့စုပ်တင်ရတဲ့ ရေစက်ထက် ပိုနက်တယ်” လို့ ဆူဒန်ရဲ့ ရေကဏ္ဍမှာ နှစ်ပေါင်းများစွာ အတွေ့အကြုံရှိတဲ့ ဥရောပသံတမန်တဦးရဲ့ ပြောကြားချက်အရ သိရပါတယ်။

“RSF က လောင်စာဆီ ဝင်ခွင့်မပေးဘူးဆိုရင် ရေစခန်းတွေ အလုပ်မလုပ်တော့ဘူး” လို့ အမည်မဖော်လိုတဲ့ သံတမန်က မီဒီယာကို ပြောခွင့်မရှိတာကြောင့် AFP ကို ပြောပါတယ်။

“လူဦးရေရဲ့ အများစုအတွက်ကတော့ ရိုးရိုးရေမရှိတော့ဘူး”

လူပေါင်း ၄၀,၀၀၀ရဲ့ ခိုလှုံရာဟာ ရှာကွာရ်ရွာမှာ ရှိနေပြီး သောက်သုံးရေရရှိဖို့ မီတာ ၃၀၀ အကွာမှာ လူ‌ေတွတန်းစီနေကြပြီလို့ ဒါဖာရှိ အရပ်သားဦးဆောင်တဲ့ ရွှေ့ပြောင်းဒုက္ခသည်များနဲ့ ဒုက္ခသည်များဆိုင်ရာ အထွေထွေညှိနှိုင်းရေးရဲ့ ပြောရေးဆိုခွင့်ရှိသူ အဒမ် ရီဂျယ်လ်က ပြောကြားခဲ့ပါတယ်။

ညစ်ပတ်သောရေ

ဆူဒန်ဟာ ရာသီဥတုဖောက်ပြန်မှုဒဏ်ကို ပြင်းထန်စွာ ခံစားခဲ့ရပြီး အပူချိန်တိုးလာမှုနှင့် မိုးရွာသွန်းမှု ပြင်းထန်မှုတွေမှာ အထင်ရှားဆုံး မြင်နေရကြောင်း သံတမန်က ပြောကြားခဲ့ပါတယ်။

အခုနှစ်နွေရာသီမှာ ပြဒါးရေတွေဟာ ဩဂုတ်လ မိုးရာသီအထိ ပါဝင်မှု  ဆက်လက်မြင့်တက်နိုင်ဖွယ်ရှိပြီး နှစ်စဉ် လူဒါဇင်ပေါင်းများစွာ သေဆုံးစေတဲ့  သဲသဲမဲမဲ ရေကြီးမှုတွေကို ဖြစ်ပေါ်လာစေပါတယ်။

မြို့တော် Khartoum ဟာ ဒဏ္ဍာရီလာ Blue Nile နဲ့ White Nile မြစ်ရဲ့ ဆုံတွေ့ရာနေရာမှာ တည်ရှိပေမဲ့လည်း အဲဒီကလူတွေကတော့ ခြောက်သွေ့နေတုန်းပါပဲ။

မြို့တော် တော်တော်များများကို ရေပေးဝေနေတဲ့ ဆိုဘာ ရေပေးဝေရေးစခန်းဟာ “စစ်ပွဲစတင်ကတည်းက ပျက်နေပြီ” လို့ စစ်အတွင်း အကူအညီများ ညှိနှိုင်းဆောင်ရွက်နေတဲ့ ရာနဲ့ချီတဲ့ အခြေခံလူတန်းစားအဖွဲ့‌တွေထဲက စေတနာ့ဝန်ထမ်း ဒေသခံ တော်လှန်ရေးကော်မတီက စေတနာ့ဝန်ထမ်းတဦးက ပြောပါတယ်။

အဲဒီအချိန်ကစပြီး လူတွေဟာ “တိရစ္ဆာန်ဆွဲထားတဲ့ တွန်းလှည်းများမှ ရေများကို တတ်နိုင်သလောက် မသောက်ဘဲ နေသင့်တယ်။ အဲဒါတွေက မတတ်နိုင်ဘဲ ရောဂါများဖြစ်စေတယ်” လို့ အမည်မဖော်လိုတဲ့လူတွေက AFP ကို ပြောကြားခဲ့ပါတယ်။

Khartoum North ရဲ့ ရပ်ကွက်တခုလုံးဟာ “တနှစ်ကြာအောင် သောက်သုံးရေမရဘဲ သွားရ‌ေတာ့မယ်” လို့ အခြားဒေသခံ စေတနာ့ဝန်ထမ်း ဆာလက်က AFP ကို ပြောကြားခဲ့ပါတယ်။

“တိုက်ပွဲတွေကြားက လူတွေက သူတို့အိမ်ထဲမှာပဲ နေချင်ပေမဲ့ ရေမရှိရင် မရပ်တည်နိုင်ဘူး” လို့ ဆာလက်က ဆိုပါတယ်။

သွေ့ခြောက်ပြီး အိုးမဲ့အိမ်မဲ့ဖြစ်ခြင်း

ထောင်နဲ့ချီတဲ့ တိုက်ပွဲတွေကြောင့် အရှေ့ဘက်ကို ထွက်ပြေးခဲ့ကြရပြီး အများစုဟာ ပင်လယ်နီရှိ ဆိပ်ကမ်း ဆူဒန်ရဲ့ မြို့တော်ကို ထွက်ပြေးလာကြပြီး နွေရာသီလတွေမှာ ပိုမိုဆိုးရွားလာမယ့် “ကြီးမားတဲ့ ရေပြဿနာ” ကို ရင်ဆိုင်နေရကြောင်း ဒေသခံ အယ်လ်ဆာဒက်ဟူစိန်က စိုးရိမ်လျက်ရှိပါတယ်။

မြို့ဟာ သူ့ရဲ့ ရေပေးဝေမှုအတွက် မလုံလောက်တဲ့ လှောင်ကန်တခုကိုသာ မှီခိုနေရပါတယ်။

ဒီနေရာမှာလည်း နိုင်ငံသားတွေဟာ ညစ်ညမ်းမှုကို တားဆီးဖို့ စောင့်ကြည့်ရန်နဲ့ ထိန်းချုပ်ရန် လိုအပ်တဲ့ ကိရိယာတွေကို အသုံးပြုပြီး ရေပေးဖို့အတွက် မြင်းနဲ့ မြည်းဆွဲလှည်းများကို အားကိုးနေရကြောင်း ပြည်သူ့ကျန်းမာရေးကျွမ်းကျင်သူ Taha Taher က အေအက်ဖ်ပီကို ပြောကြားခဲ့ပါတယ်။

“ဒါပေမဲ့ နေရာရွှေ့ပြောင်းမှု အားလုံးကတော့ ဒီလိုမဖြစ်ဘူး” လို့ သူကဆိုပါတယ်။

၂၀၂၃ ခုနှစ် ဧပြီလမှ ၂၀၂၄ ခုနှစ် မတ်လအတွင်းမှာ ကျန်းမာရေးဝန်ကြီးဌာနဟာ ဆူဒန်မှာ ဖြစ်ပွားနေတဲ့ ကာလဝမ်းရောဂါ ဖြစ်ပွားမှုပေါင်း ၁၁,၀၀၀ နီးပါးကို မှတ်တမ်းတင်ထားနိုင်‌ေပမဲ့လည်း တနှစ်ပတ်လုံး ဖြစ်လာတဲ့အခါမှာ အဲ့လိုမဟုတ်ကြောင်း ဥရောပသံတမန်က ပြောကြားခဲ့ပါတယ်။

ဆူဒန်ရဲ့ ဆေးရုံအများစုကို ပိတ်ထားရပြီး သမိုင်းဝင် ကမ္ဘာလုံးဆိုင်ရာ အချိုးအစား အငတ်ဘေး ကြုံရနိုင်ကြောင်း အမေရိကန်က သတိပေးချက် ထုတ်ပြန်ထားပါတယ်။

“ကျန်းမာရေးစောင့်ရှောက်မှု ပြိုလဲသွားပြီ၊ လူတွေက ညစ်ပတ်တဲ့ရေကို သောက်နေကြတယ်၊ သူတို့ ဆာလောင်မွတ်သိပ်လာမယ်၊ နောက်ထပ် အများကြီး သေစေလိမ့်မယ်” လို့ သံတမန်က ပြောကြားခဲ့ပါတယ်။

လီလီ

Ref: AFP

(AFP သတင်းဌာနမှာ ရေးသားဖော်ပြထားတဲ့ Water crisis batters war-torn Sudan as temperatures soar”  သတင်းဆောင်းပါးကို ဘာသာပြန်ဆိုဖော်ပြသည်။)

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013