Home
နိုင်ငံတကာ
နျူကလီးယား ဒုံးကျည် ထုတ်လုပ်မှု ပြန်စမည်ဟု ပူတင် ပြော
DVB
·
June 29, 2024
Photo -REUTERS

ရုရှားနိုင်ငံဟာ မြေပြင်အခြေစိုက် တာတိုနဲ့တာလတ်ပစ် နျူကလီးယားဒုံးကျည်တွေ ထုတ်လုပ်မှုကို ပြန်လည် စတင်တော့မယ်လို့ ရုရှားသမ္မတ ပူတင်က ဇွန် ၂၈ ရက်မှာ ရုရှားလုံခြုံရေးကောင်စီ အစည်းအဝေးမှာ ပြောကြားလိုက်ပြီး ဒါဟာ အမေရိကန်က ဒုံးကျည်စနစ်တွေကို ဥရောပနဲ့ အာရှမှာ ဖြန့်ချထားဖို့ လှုံ့ဆော်ခဲ့တာကြောင့်ဖြစ်တယ်လို့လည်း ပြောဆိုခဲ့ပါတယ်။ 

မော်စကိုဟာ အထင်ကရ ၁၉၈၇ တာလတ်ပစ် နျူကလီးယားတပ်ဖွဲ့များစာချုပ် (INF) ကို ချိုးဖောက်တယ်လို့ဆိုပြီး ၂၀၁၉ ခုနှစ်မှာ ရုရှားနဲ့ချုပ်ဆိုထားတဲ့ (INF) စာချုပ်အဖွဲ့ကနေ အမေရိကန်မှ တရားဝင်နုတ်ထွက်ခဲ့သွားခဲ့ပြီး အဲဒီစွပ်စွဲချက်ကို ကရင်မလင်က ငြင်းဆိုခဲ့ပါတယ်။

အမေရိကန်ဟာ အလှမ်းဝေးတဲ့ အကြောင်းပြချက်တွေနဲ့  (INF) သဘောတူစာချုပ်မှ နုတ်ထွက် ပြီးတော့ အဲဒီလို ဒုံးကျည်စနစ်တွေကို ထုတ်လုပ်မယ်လို့ ကြေညာခဲ့ကြောင်းနဲ့ ရုရှားကတော့ (INF) စာချုပ်မှ တားမြစ်ထားတဲ့အတိုင်း ဒုံးကျည်တွေ ကိုယ်ပိုင်တီထွင် ထုတ်လုပ်ခြင်းကို ဆိုင်းငံ့ ထားခဲ့တာ လို့ ပူတင်က ပြောပါတယ်။  

အခုချိန်မှာတော့ အမေရိကန်ပြည်ထောင်စုဟာ အဲဒီဒုံးကျည်စနစ်တွေကို ထုတ်လုပ်ရုံသာမက ဒိန်းမတ်မှာ စစ်ရေးလေ့ကျင့်ဖို့ ဥရောပကို ယူဆောင်လာနေပြီဆိုတာလည်း သိထားကြောင်းနဲ့ ဖိလစ်ပိုင်မှာ ရှိနေတယ်လို့ မကြာသေးခင်က ကြေညာထားကြောင်းလည်း ပူတင်က ပြောပါတယ်။

ဒါကြောင့်ပဲ ရုရှားဟာ ဒီတိုက်ခိုက်ရေးစနစ်တွေကို စတင်ထုတ်လုပ်ဖို့ လိုအပ်နေပြီး လက်တွေ့ အခြေအနေပေါ် မူတည်ပြီး ရုရှားရဲ့ ဘေးကင်းလုံခြုံမှုကို အာမခံနိုင်ဖို့ အဲဒီဒုံးကျည်တွေကို နေရာချဖို့ ဆုံးဖြတ်တော့မယ်လို့လည်း ပြောပါတယ်။  

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013