Home
နိုင်ငံတကာ
ဂျပန်ဧကရာဇ်ကို ဗြိတိန်ဘုရင်က ဂုဏ်ပြုနေ့လယ်စာဖြင့် ဧည့်ခံ
DVB
·
June 26, 2024
Photo - Reuters

ဂျပန်ဧကရာဇ် နာရူဟီတို ကို ဗြိတိန်ဘုရင် ချားလ်စ်က ဘက်ကင်ဟမ်နန်းတော်မှာ ဂုဏ်ပြုနေ့လယ်စာနဲ့ ဧည့်ခံခဲ့ပါတယ်။

နာရူဟီတိုရဲ့ ၃ ရက်တာ အလည်အပတ်ခရီးစဥ် ပထမနေ့မှာ ဘက်ကင်ဟမ်နန်းတော်မှာ ကြိုဆိုခဲ့တာ ဖြစ်ပါတယ်။

ဂျပန်ဧကရာဇ်ရဲ့ အလည်အပတ်ခရီးစဥ်ဟာ ၂၀၂၀ ပြည့်နှစ်မှာ ကိုဗစ်ရောဂါကြောင့် ရွှေ့ဆိုင်းခဲ့တာဖြစ်ပြီး ၂ နိုင်ငံကြား စစ်ရေး၊ ယဥ်ကျေးမှု၊ သိပ္ပံတို့ကို ပိုပြီးပူးပေါင်းဆောင်ရွက်မယ့် ခရီးစဥ် ဖြစ်ပါတယ်။

ဂျပန်ဧကရာဇ်တို့ကို မင်းသားဝီလျံက ဟိုတယ်မှာ သွားကြိုခဲ့ပြီး ဂုဏ်ပြုမြင်းတပ်ဖွဲ့နဲ့ ကြိုဆိုခဲ့တာ ဖြစ်ပါတယ်။

ဂျပန်ဧကရာဇ် နာရူဟီတိုဟာ ၁၉၈၀ အစောပိုင်းက ဗြိတိန်မှာ ပညာသင်ကြားခဲ့ဖူးသူဖြစ်ပြီး  ၂၀၂၂ ခုနှစ်က အဲလိဇဘတ်ဘုရင်မကြီးရဲ့ ဈာပန အခမ်းအနားကို တက်ရောက်ခဲ့သူ ဖြစ်ပါတယ်။​

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013