ရုရှားနိုင်ငံက ဖမ်းထားတဲ့ ယူကရိန်း စစ်သုံ့ပန်း အယောက် ၉၀ ယူကရိန်းနိုင်ငံဆီ ပြန်လာမယ်လို့ ဇွန် ၂၅ ရက်မှာ အတည်ပြုခဲ့ပြီး အာရပ်စော်ဘွားများပြည်ထောင်စု (UAE) က ကြားခံအဖြစ် ဆောင်ရွက်နေတယ်လို့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီး က ပြောလိုက်ပါတယ်။
၂၀၂၂ ခုနှစ်မှာ မာရီအူပယ် ဆိပ်ကမ်းမှာရှိတဲ့ အာဇို့ဗ်စတယ် သံမဏိစက်ရုံကို အကာအကွယ်ပေးခဲ့တဲ့ စစ်မှုထမ်းတွေနဲ့ ချာနိုဘိုင်း နျူးကလီးယားစက်ရုံကို ရုရှားတပ်ဖွဲ့တွေ ခဏသိမ်းမိချိန်က အဖမ်းခံခဲ့ရတဲ့သူတွေကို အိမ်ပြန်ခေါ်ခဲ့တယ်လို့ ယူကရိန်းသမ္မတရဲ့ စစ်ဦးစီးချုပ် အန်ဒရေ ယာမက်ခ်က ပြောပါတယ်။
ယူကရိန်းမှာ ရုရှားစစ်ပွဲ စတင်ချိန်ကစပြီး UAE ဟာ ပဋိပက္ခနဲ့ ပတ်သက်ပြီး ဘက်မလိုက်တဲ့ စကားလုံးတွေသုံးပြီး အကျဉ်းသားတွေကို ဖလှယ်ဖို့ ရုရှားနဲ့ ယူကရိန်း နှစ်ဖက်ကြားမှာ ဆက်ပြီး စေ့စပ်ညှိနှိုင်းပေးနေခဲ့ပါတယ်။
Source-Reuters