ဒေါ်နယ်ထရမ့် အမေရိကန်သမ္မတအဖြစ် ရွေးချယ်ခံရပါက အမေရိကန်နဲ့ ကမ္ဘာ့စီးပွားရေးကို ထိခိုက်လာမယ်လို့ စီးပွားရေးနိုဘယ်ဆုရှင် ၁၆ ဦးက အိတ်ဖွင့်ပေးစာ ထုတ်ပြန်လိုက်ပါတယ်။ အမေရိကန်သမ္မတဟောင်း ထရမ့်ဟာ ဒုတိယအကြိမ်သမ္မတအဖြစ် ရွေးချယ်ခံမှာဖြစ်ပြီး နိုဘယ်ဆုရှင်တွေက အိတ်ဖွင့်ပေးစာ ထုတ်ပြန်ခဲ့တာပါ။
ထရမ့်ရဲ့ စီးပွားရေးအစီအစဥ်တွေက ငွေကြေးဖောင်းပွစေပြီး တရုတ်ထုတ်ကုန်တွေကို တင်းကျပ်မှာဖြစ်လို့ အမေရိကန်နိုင်ငံသားတွေ သုံးငွေတိုးလာမယ်လို့ ဖော်ပြပါတယ်။
နိုဘယ်ဆုရှင်တွေက လက်ရှိသမ္မတ ဂျိုးဘိုင်ဒန်ရဲ့ စီးပွားရေးသဘောထားတွေကို လက်ခံပြီး ထရမ့်ရဲ့ စီးပွားရေးအယူအဆတွေက ကမ္ဘာမှာ အမေရိကန်ရဲ့ ရပ်တည်ချက်ကိုလည်း ထိခိုက်လာမယ်လို့ စာထဲမှာ ပါရှိပါတယ်။
အဲဒီအိတ်ဖွင့်ပေးစာမှာ ၂၀၀၁ ခုနှစ်က နိုဘယ်ဆုရတဲ့ ဂျိုးဆက်စတီဂလစ်၊ ၂၀၁၅ မှာ နိုဘယ်ဆုရတဲ့ ဆာအန်ဂတ်ဒယ်တန်တို့ပါဝင်ပါတယ်။
အမေရိကန်မှာ ကုန်စျေးနှုန်းကြီးမြင့်မှုဒဏ်ကို လူတွေက မကြိုက်ကြဘဲ ပြီးခဲ့တဲ့ ၂ နှစ်က စျေးတက်မှုနှုန်း နှေးခဲ့ပါတယ်။
ထရမ့်က ပြည်ပသွင်းကုန်ဖြစ်တဲ့ တရုတ်ကုန်ပစ္စည်းတွေကို အနည်းဆုံး ၆၀ ရာခိုင်နှုန်း အထိ အခွန်တိုးမြင့်မယ်လို့ ကတိပြုခဲ့ဖူးပါတယ်။
Source-Reuters