Home
မြန်မာသတင်း
မိုရီဆာကီဝင်း ပွဲဦးထွက် ရိုက်ကူးသည့် ရုပ်ရှင်ကားတို  George Lucas Award  ဆွတ်ခူး
aung khant
·
June 25, 2024
Photo Crd-Kyodo

ဂျပန်ရောက် မြန်မာပြည်ဖွား အနုပညာရှင် မိုရီဆာကီဝင်း ဒါရိုက်တာအဖြစ် ပွဲဦးထွက် ရိုက်ကူးတဲ့ SEN ရုပ်ရှင်ဇာတ်လမ်းတိုက အာရှနာမည်ကြီး ရုပ်ရှင်အနုပညာထူးချွန်ဆုတဆုဖြစ်တဲ့ Grand Prix ဆုလို့ လူသိများတဲ့ George Lucas Award ဆု ဆွတ်ခူးရရှိသွားခဲ့ပါတယ်။

ကြာမြင့်ချိန် ၂၅ မိနစ်ဝန်းကျင်ရှိတဲ့ အဆိုပါဇာတ်လမ်းထဲမှာတော့ ကျေးလက်တောရွာမှာ ရိုးရှင်းတဲ့ ဘဝနဲ့ နေထိုင်တဲ့ သက်ကြီးရွယ်အို ဂျပန်အမျိုးသမီးတဦးကို နောက်ခံထားကာ ဖန်တီးပုံဖော်ထားခဲ့တာပါ။

အခု ၂၀၂၄ ခုနှစ်အတွက် ရုပ်ရှင်ပွဲတော်မှာတော့ "မင်းရဲ့ဘဝကို တောက်ပစေလိုက်ပါ ~ အသက်ရှင်နေထိုင်မှုကို တောက်ပစေလိုက်ပါ၊ ​​ကမ္ဘာကြီးကို တောက်ပစေလိုက်ပါ” ဆို တဲ့ ဆောင်ပုဒ်နဲ့ ကျင်းပခဲ့တာဖြစ်ပြီး ကမ္ဘာတလွှား နိုင်ငံပေါင်း ၁၁၄ နိုင်ငံက ပြိုင်ပွဲဝင် ရုပ်ရှင်ကား ၄၉၀၀ ကျော် ရှိခဲ့တယ်လို့ ဆိုပါတယ်။

မိုရီဆာကီဝင်းက “ဒီလိုဆုမျိုး ရလိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့မိဘူးဆိုတော့ အ ရမ်းပျော်ပါတယ်။ တကယ်ကို အံ့အားသင့်ပြီး ကြည်နူးမှုတွေ ပြည့်နှက်နေပါတယ်” လို့ ပြောပါတယ်။

အဝင်းလို့ မြန်မာပရိသတ်တွေ ရင်းနှီးပြီးသားဖြစ်တဲ့ မိုရီဆာကီဝင်းဟာ Prizma X အမည်ရတဲ့ အမျိုးသား ဂျေပေါ့ပ်တေးဂီတအဖွဲ့နဲ့အတူ နာမည်ကြီးလာခဲ့တာပါ။ 

လက်ရှိမှာတော့ သူဟာ အသက် ၃၃ နှစ် အရွယ် ရှိနေပြီဖြစ်ကာ သူ့အသက် ၁၀ နှစ် သားလောက်ကတည်းက မိဘတွေနဲ့ ဂျပန်နိုင်ငံကို ထွက်ခွာသွားခဲ့တာဖြစ်ကာ ပညာ သင်ကြားနေရင်း ၁၄ နှစ်သားလောက်မှာ အနုပညာအလုပ်တွေကို စတင်လုပ်ကိုင်ခဲ့တာလို့ ဆိုပါတယ်။ 

သီချင်းဆိုတာရော၊ သရုပ်ဆောင်အနုပညာ အလုပ်တွေ လုပ်ကိုင်တဲ့ မိုရီဆာကီဝင်းဟာ ဒါရိုက်တာ စတီဗင်စပီးလ်ဘာ့ဂ်က ရိုက်ကူးတဲ့ ဟောလိဝုဒ် နာမည်ကြီးရုပ်ရှင် Ready Player One မှာလည်း ပါဝင်ခွင့်ရရှိခဲ့သူပါ။

စစ်အာဏာမသိမ်းခင်ကတော့ မြန်မာပြည်တွင်း အနုပညာလှုပ်ရှားမှုတွေ ခပ်စိပ်စိပ် လှုပ်ရှားခဲ့ပြီး နောက်ပိုင်းမှာတော့ ဂျပန်နိုင်ငံမှာ ဆက်လက်ပြီးတော့ အနုပညာလှုပ်ရှားမှုတွေ ဆက်လက်လုပ်‌ဆောင်နေတာပါ။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013