နူဆန်တာရာမြို့ကို အင်ဒိုနီးရှားနိုင်ငံ မြို့တော်အဖြစ် ပြောင်းလဲသတ်မှတ်မှာဖြစ်လို့ ဂျကာတာမြို့ကို စီးပွားရေးအချက်အချာမြို့အဖြစ် ရပ်တည်ဖို့ ပြင်ဆင်နေပါတယ်။
ဇွန် ၂၂ ရက်ဟာ ဂျကာတာမြို့အတွက် မြို့တည်ထောင်ခြင်း ၄၉၇ နှစ်ပြည့်ဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံရဲ့ စီးပွားရေး ၁၇ ရာခိုင်နှုန်းနီးပါး ဒီမြို့မှာ လည်ပတ်နေပါတယ်။
အရှေ့ကာလီမန်တန်မှာ အမေရိကန်ဒေါ်လာ ၃၂ ဘီလီယံနဲ့ စီမံကိန်းကြီးတွေ ပြုလုပ်နေပါတယ်။ အင်ဒိုနီးရှားနိုင်ငံရဲ့ မြို့တော်အဖြစ် နူဆန်တာရာလို့ တရားဝင်သတ်မှတ်ထားပြီး အစိုးရရုံးလည်း အဲဒီမှာ ထိုင်မှာဖြစ်ပါတယ်။
အင်ဒိုနီးရှားသမ္မတ ဝီဒိုဒိုက နိုင်ငံရဲ့ မြို့တော်ကို ဂျကာတာကနေ ရွှေ့မယ်လို့ ၂၀၁၉ ခုနှစ်က ကြေညာခဲ့တာ ဖြစ်ပါတယ်။
ဂျကာတာမြို့ဟာ ရေကြီးမှု၊ ရေသန့်ရှားပါးမှု၊ အိုးအိမ်မလုံလောက်မှု၊ ယာဥ်ကြောပိတ်ဆို့မှု၊ လေထုညစ်ညမ်းမှုနဲ့ အမှိုက်စနစ်မကောင်းမှုတွေနဲ့ နှစ်ပေါင်းများစွာ ရင်ဆိုင်ခဲ့ရပါတယ်။
ဂျကာတာဟာ မြို့တော်မဟုတ်တော့ပေမဲ့ ကမ္ဘာ့အဆင့်မြို့အဖြစ် ဆက်ရှိနေဖို့ အင်ဒိုနီးရှားလွှတ်တော်က မတ် ၂၈ ရက်မှာ သတ်မှတ်ခဲ့ပါတယ်။
နှစ် ၂၀ အစီအစဥ်ချမှတ်ပြီး ဂျကာတာမြို့ကို စီးပွားရေးအချက်အချာမြို့အဖြစ် ဆောင်ရွက်ဖို့ စီစဥ်ထားပါတယ်။
Source-Reuters