အင်္ဂလန်နည်းပြဆောက်ဂိတ်ဟာ ဆလိုဗေးနီးယားနဲ့ အုပ်စုနောက်ဆုံးပွဲစဉ်မှာ ကွင်းလယ်လူ ဂေါ်လဂါကို ပွဲထွက်ကစားစေဖို့ ပြင်ဆင်ထားတယ်လို့သိရပါတယ်။
လီဗာပူး ညာနောက်ခံလူ အာနိုးလ်ဟာ အင်္ဂလန်အသင်းမှာ ကျောနံပါတ် ၈ ဂျာစီဝတ်ဆင်ပြီး ကွင်းလယ်ကစားသမားတဦးအဖြစ် အုပ်စုပွဲစဉ် ၂ ပွဲစလုံး ပွဲထွက်ကစားခွင့်ရခဲ့တာပါ။
အဲဒီနှစ်ပွဲစလုံးမှာ အင်္ဂလန်အသင်းကပွဲကို ထိန်းချုပ်နိုင်မှု အားနည်းစေပြီး ဝေဖန်မှုတွေ ရှိလာချိန်မှာ နည်းပြဆောက်ဂိတ်က အာနိုးလ်ကို ချန်လှပ်ပြီး ဂေါ်လဂါကို ပွဲထွက်ခွင့် ပြန်ပေးဖို့ ပြင်ဆင်လာခဲ့တာပါ။
ချဲလ်ဆီးကွင်းလယ်လူ ဂေါ်လဂါဟာ ဒိန်းမတ်နဲ့ပွဲချိန်ဒုတိယပိုင်း အာနိုးလ်နေရာမှာ လူစားဝင်ကစားခဲ့ပါသေးတယ်။
အင်္ဂလန်အသင်းဟာ အုပ်စုပထမနေရာ သေချာဖို့အတွက် ဆလိုဗေးနီးယားကို အနိုင်ရဖို့ လိုအပ်နေပါတယ်။