Nvidia ဟာ ဆက်သွယ်ရေးကုမ္ပဏီ Ooredoo နဲ့ AI နည်းပညာ အသုံးပြုရေး သဘောတူစာချုပ် ချုပ်ဆိုခဲ့ပါတယ်။
အရှေ့အလယ်ပိုင်းရှိ နိုင်ငံ ၆ နိုင်ငံဖြစ်တဲ့ ကာတာ၊ အယ်လ်ဂျီးရီးယား၊ တူနီးရှား၊ အိုမန်၊ ကူဝိတ်နဲ့ မော်လ်ဒိုက်တို့ရဲ့ ဒေတာစင်တာတွေမှာ AI အသုံးပြုခွင့် သဘောတူညီမှု ရထားကြောင်း Ooredoo စီအီးအိုက ပြောကြားခဲ့တာပါ။
အမေရိကန်နိုင်ငံဟာ နည်းပညာအသစ်တွေကို တရုတ်မှာ အသုံးပြုခွင့်ကို တင်းကျပ်ထားချိန် Nvidia ဟာ အရှေ့အလယ်ပိုင်းနိုင်ငံတွေမှာ ပထမဆုံး နည်းပညာအသုံးပြုခွင့် ရတာလည်း ဖြစ်ပါတယ်။
Ooredoo ကို နည်းပညာတွေ အသုံးပြုခွင့်ပေးတာက သုံးစွဲသူတွေကို ပိုကောင်းတဲ့ကူညီမှုတွေ ပြုလုပ်နိုင်မှာဖြစ်ကြောင်း Nvidia ဒုဥက္ကဋ္ဌက ပြောကြားခဲ့ပါတယ်။
ကုမ္ပဏီတွေကတော့ သဘောတူစာချုပ်တန်ဖိုး ဘယ်လောက်ရှိလဲ ဆိုတာမျိုး ထုတ်ပြန်ကြေညာတာမျိုး မရှိသေးပါဘူး။
ဒါ့အပြင် Ooredoo က Nvidia ရဲ့ ဘယ်လိုနည်းပညာတွေကို ဒေတာစင်တာတွေမှာ အသုံးပြုမလဲ ဆိုတာလည်း မထုတ်ပြန်ပါဘူး။
အမေရိကန်နိုင်ငံဟာ Nvidia နည်းပညာတွေကို အရှေ့အလယ်ပိုင်းမှာ အသုံးပြုခွင့်ပေးခဲ့ပေမဲ့ ချစ်ခ်ပြားတင်ပို့မှုတွေကိုတော့ ကန့်သတ်ထားပါတယ်။
Ooredoo ဟာ ဒေသတွင်းနိုင်ငံတွေက ဒေတာစင်တာတွေကို အဆင့်မြှင့်တင်ဖို့ ဒေါ်လာ ၁ ဘီလီယံ ရင်းနှီးမြှုပ်နှံထားပါတယ်။
Source-Reuters