အိန္ဒိယနိုင်ငံမှာ အဆိပ်သင့် တရားမ၀င်ချက်အရက် သောက်မိလို့ သေဆုံးသူဦးရေ ၅၃ ဦးအထိ တိုးလာတယ်လို့ ဒေသခံမီဒီယာတွေက ဇွန် ၂၃ ရက်မှာ ဖော်ပြခဲ့ပြီး ဆေးရုံမှာလည်း အဆိပ်သင့်အရက်ကြောင့် ရောက်လာတဲ့ လူနာတွေ ပိုများလာပါတယ်။
ပြီးခဲ့တဲ့အင်္ဂါနေ့မှာ အဆိပ်ပြင်း မက်သနောနဲ့ ပေါင်းစပ်ထားတဲ့ အဆိပ်သင့် တရားမဝင်အရက်ကို သောက်ပြီး နာရီပိုင်းအတွင်း ၃၇ ဦး သေဆုံးခဲ့တယ်လို့ တမီလ်နာဒူ ပြည်နယ်ဝန်ကြီးချုပ် အမ်ကေစတာလင်က ပြောပါတယ်။
လူပေါင်း ၁၀၀ ကျော်ကို ဆေးရုံအမြန်ပို့ခဲ့ပေမဲ့ တချို့က အဆိပ်ဒဏ်ပြင်းလို့ ဆေးမမီခဲ့ပါဘူး။ အိန္ဒိယနိုင်ငံမှာ ဈေးပေါတဲ့ ချက်အရက်ကြောင့် နှစ်စဉ် လူရာချီ သေဆုံးနေရပေမဲ့ ချက်အရက် အဆိပ်သင့်မှုဟာ မကြာသေးမီနှစ်တွေအတွင်း အဆိုးဆုံး ဖြစ်လာပါတယ်။
အရက် အာနိသင်ကို မြှင့်တင်ဖို့ အရက်တွေကို မျက်စိကွယ်ခြင်း၊ အသည်းပျက်စီးခြင်းနဲ့ သေဆုံးခြင်းထိ ဖြစ်စေနိုင်တဲ့ မက်သနောနဲ့ မကြာခဏ ရောမွှေထားလေ့ ရှိပါတယ်။
Source-Reuters