လာမယ့်ဘောလုံးရာသီမှာ မန်ယူအသင်းမှာပဲ ဆက်ပြီးရှိနေမယ်လို့ တိုက်စစ်မှူးရက်ရှ်ဖို့ဒ်က သူ့ရဲ့ သူငယ်ချင်းတွေကို ပြောပြထားတယ်လို့ သိရပါတယ်။
ရက်ရှ်ဖို့ဒ်ဟာ ယူရိုပြိုင်ပွဲဝင်အင်္ဂလန်လက်ရွေးစင်အသင်း လူစာရင်းမှာ ရွေးချယ်ခံရခြင်း မရှိတာကြောင့် အားလပ်ရက်မှာ အပန်းဖြေနေတာပါ။
လာမယ့်ရာသီနဲ့ပတ်သက်လို့ မန်ယူအသင်းမှာပဲ ဆက်ရှိပြီး အကောင်းဆုံးစွမ်းဆောင်ရည် ပြန်လည်ရရှိဖို့ ကြိုးပမ်းသွားမယ်လို့ အသိမိတ်ဆွေသူငယ်ချင်းတွေကို ပြောခဲ့တာပါ။
ရက်ရှ်ဖို့ဒ်ဟာ မနှစ်ကရာသီမှာ အသင်းအတွက် စုစုပေါင်း ၄၃ ပွဲကစားခွင့်ရခဲ့ပေမဲ့ ၈ ဂိုးပဲ သွင်းယူနိုင်ခဲ့တာပါ။
ရက်ရှ်ဖို့ဒ်အနေနဲ့ နည်းပြသစ်တဦး ရောက်လာမယ်ဆိုရင် အသင်းပြောင်းဖို့ရှိပေမဲ့ နည်းပြ အဲရစ်တန်ဟတ်ဂ် ဆက်ရှိမှာဖြစ်တဲ့အတွက် မန်ယူအသင်းမှာပဲ ဆက်ရှိပြီး တိုက်ပွဲဝင်သွားမှာ ဖြစ်ကြောင်း ရက်ရှ်ဖို့ဒ်ရဲ့ အသိမိတ်ဆွေတဦးက The Sun သတင်းစာကို ပြောခဲ့တယ်လို့ သိရပါတယ်။