အမေရိကန်ပြည်ထောင်စုနဲ့ လုံခြုံရေးအတွက် စကားပြောဖို့ လိုအပ်ပြီး၊ “ပြည့်ပြည့်စုံစုံ ကျယ်ကျယ်ပြန့်ပြန့်” ဆွေးနွေးရရမှာ ဖြစ်သလို ယူကရိန်းအရေးလည်း ပါဝင်ရမယ်လို့ ရုရှားအစိုးရက ပြောပါတယ်။
နျူကလီးယားအန္တရာယ်နဲ့ပတ်သက်ပြီး ဝါရှင်တန်နဲ့ တွေ့ဆုံဆွေးနွေးဖို့ရှိသလားဆိုတဲ့ မေးခွန်းကို ကရင်မလင် ပြောခွင့်ရပုဂ္ဂိုလ် ဒီမီထရီ ပက်စကော့က ဖြေကြားခဲ့တာဖြစ်ပါတယ်။
စုပြုံနေတဲ့ ပြဿနာတွေရဲ့ အထွေထွေရှုပ်ထွေးမှုကြီးထဲက တခုချင်း တပိုင်းချင်း ဖယ်ထုတ်ပြီး ပြောဖို့ဆိုတာ မဖြစ်နိုင်ပါဘူးလို့ ပက်စကော့က ပြောပါတယ်။
ရုရှားဘက်က တွေ့ဆုံဆွေးနွေးဖို့ တံခါးခွင့်ထားပေမဲ့ ယူကရိန်းပဋိပက္ခနဲ့ ဆက်စပ်တဲ့ လက်ရှိ ရှုထောင့်၊ ဒီပဋိပက္ခမှာ ယူအက်စ်အေရဲ့ တိုက်ရိုက်ပါဝင်မှုတွေအပါအဝင် ရှုထောင့်အားလုံးကို ခြုံငုံမိတဲ့ ကျယ်ပြန့်တဲ့ တွေ့ဆုံဆွေးနွေးမှုဖြစ်ဖို့လိုတယ်လို့လည်း ပြောခွင့်ရပုဂ္ဂိုလ်က ဆိုပါတယ်။
မော်စကို ကို မဟာဗျူဟာမြောက် အောင်ပွဲရယူဖို့ ရည်ရွယ်တဲ့ စစ်ပွဲမှာ ယူကရိန်းကို လက်နက် တပ်ပေးနေတဲ့ အမေရိကန်ဟာ အဓိက ဇာတ်ကောင်ဖြစ်တယ်ဆိုတဲ့ ရုရှားရဲ့ အမြင်ကို အမေရိကန်ဘက်က လက်မခံပါဘူး။
စစ်ပွဲနဲ့ ပတ်သက်လို့ ဆွေးနွေးမှုမှန်သမျှဟာ ယူကရိန်းကိစ္စပဲလို့ အမေရိကန်က ပြောထားပါတယ်။
Source-Reuters